ဗြိတိန် ပိုင်ဆိုင်မှုပစ္စည်းစုံစမ်းဖော်ထုတ်ရေး ကုမ္ပဏီအား ပါကစ္စတန်အစိုးရနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့တို့က ဒေါ်လာ ၁ ဒသမ ၂ သန်း ပေးချေရန် လန်ဒန်တရားရုံးချုပ် ဆုံးဖြတ်

ဗြိတိန် ပိုင်ဆိုင်မှုပစ္စည်းစုံစမ်းဖော်ထုတ်ရေး ကုမ္ပဏီအား ပါကစ္စတန်အစိုးရနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့တို့က ဒေါ်လာ ၁ ဒသမ ၂ သန်း ပေးချေရန် လန်ဒန်တရားရုံးချုပ် ဆုံးဖြတ်

ပါကစ္စတန်အစိုးရနှင့် နိုင်ငံတော်တာဝန်ခံမှုဆိုင်ရာအဖွဲ့ (NAB) တို့က ပိုင်ဆိုင်မှုအရပ်ရပ်ကို ဗြိတိန်နိုင်ငံမှ စုံစမ်းဖော်ထုတ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Broadsheet LLC သို့ လာမည့် သီတင်းပတ် မတိုင်မီ လုပ်ငန်းအကျိုး ဆောင်ခ ဒေါ်လာ ၁ ဒသမ ၂ သန်း ပေးချေရန် လန်ဒန်တရားရုံးချုပ်က ဆုံးဖြတ်ချက်ချလိုက်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းက ပါကစ္စတန်ရှေ့နေချုပ်ရုံး၏ အမိန့်ဖြင့် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်နှင့် ပါကစ္စတန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့် NAB တို့က Broadsheet LLC အပါအဝင် ဗြိတိန်ကုမ္ပဏီ ၂ ခုတို့အား ငှားရမ်းကာ ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်အပါအဝင် ပါကစ္စတန် ်နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူတို့၏ ဗြိတိန်နိုင်ငံတွင်း တရားမဝင် ပိုင်ဆိုင်ထားသည့် ပစ္စည်းများကို ဖော်ထုတ် သိမ်းဆည်းရန် စုံစမ်းမှုအတွက် ငှားရမ်းခဲ့သည်။

သဘောတူစာချုပ်အရ အဆိုပါ ကုမ္ပဏီများအနေဖြင့် ဖော်ထုတ်သိမ်းဆည်းရမိသည့် ပစ္စည်းများ၏ တန်ဖိုး ၂၀ ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ရရှိမည်ဖြစ်သည်။

သို့သော် အကျိုးအမြတ်များနှင့် ကုန်ကျစရိတ်များအပြင် Broadsheet LLC နှင့် ချုပ်ဆိုထားသည့် စာချုပ်တွင် ပါဝင်သည့်အတိုင်း NAB က ဒေါ်လာ ၁၂၂၂ ၀၃၇ ဒသမ ၉၀ တို့ကို့ ပေးရန် အငြင်းပွားပြီးနောက် လန်ဒန်တရားရုံးချုပ်တွင် အမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်စလုံး၏ ထွက်ဆိုချက်များကို ကြားနာခဲ့ပြီးနောက် ပါကစ္စတန်အစိုးရက ဒေါ်လာ ၁ ဒသမ ၂ သန်းကျော်နှင့် ဗြိတိန်ပေါင်ငွေ ၁၁၀ ကိုလည်းကောင်း၊ တရားလို၏ တိုင်ကြားမှု ကုန်ကျစရိတ်အတွက် NAB က ပေါင်ငွေ ၂၆၂၉၆ ကိုလည်းကောင်း ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီ မိနစ် ၃၀ မတိုင်မီ ပေးရန် လန်ဒန်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်သည်ဟု Dawn သတင်းဌာနက ဖော်ပြခဲ့သည်။

NAB ၏ ဥပဒေအကျိုးဆောင် များဖြစ်သည့် အယ်လင်နှင့် အိုဗာရီတို့က ပါကစ္စတန်အစိုးရထံမှ ပေးရမည့်ငွေများ ကို Broadsheet LLC ၏ ဥပဒအကျိုးဆောင်များက ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီ မိနစ်၃၀ မတိုင်မီ ပေးသွင်းရမည်ဖြစ်သည်။

ပါကစ္စတန်နှင့် NAB တို့ ယင်းငွေများကို ပေးရန် ပျက်ကွက်ပါက Broadsheet ၏ ဉပဒေအကျိုးဆောင်များက United National Bank Limited (UBL UK) သို့ အကြောင်းကြားရမည်ဖြစ်ပြီး ယင်းဘဏ်တွင် ထားရှိသည့် ငွေများထဲမှ ပေးရမည်ဟု လန်ဒန်တရားရုံးချုပ်၏ အမိန့်တွင် ပါရှိသည်။

ပေးသွင်းရန် ပျက်ကွက်ငွေများအတွက် တတိယအဖွဲ့အစည်းတစ်ခုခုမှတစ်ဆင့် ရရန်ရှိသူက ငွေများကို တိုက်ရိုက် တောင်းခံနိုင်ခွင့်ရှိကြောင်း Dawn သတင်းဌာနတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly