ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပါကစ္စတန်ဝန်ကြီးချုပ်၏ အိမ်တော်တွင် အခမ်းအနားများ ကျင်းပရန် နေရာ ငှားရမ်းမည်

ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပါကစ္စတန်ဝန်ကြီးချုပ်၏ အိမ်တော်တွင် အခမ်းအနားများ ကျင်းပရန် နေရာ ငှားရမ်းမည်

ANIငွေကြေးအကြပ်အတည်း ကြုံတွေ့နေရသည့် ပါကစ္စတန်နိုင်ငံတွင် မြို့တော် အစ္စလာမာဘတ်ရှိ ဝန်ကြီးချုပ် အီမရန်ခန်း၏ တရားဝင် အိမ်တော်မှ Red Zone ကို ယဉ်ကျေးမှု၊ ဖက်ရှင်၊ ပညာရေးနှင့် အခြားအခမ်းအနားများ အတွက် ငှားရမ်းခွင့်ပြုရန် ပါကစ္စတန်ဖက်ဒရယ်ဝန်ကြီးအဖွဲ့က ဆုံးဖြတ်လိုက်သည်။

အဆိုပါအစီအစဉ်ကြောင့် နိုင်ငံတော်အနေဖြင့် ဝင်ငွေပိုမိုရရှိလာစေမည်ဖြစ်သည်။

အာဏာရပါတီက ဝန်ကြီးချုပ်၏ နေအိမ်အား တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း အဆောက်အဦငှားရမ်းရန်ပြောင်းလဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ငှားရမ်းမည့်အစီအစဉ် မတိုင်မီက ကုန်ကျစရိတ်များကို လျှော့ချရန် အုပ်ချုပ်ရေးမှူးများအား အစိုးရ အိမ်တော်များတွင် နေထိုင်ခွင့်ပြည့်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့ရာတွင် ထွက်ရှိလာသည့် ငွေများကို ပြည်သူများ၏ ဖူလုံရေးအတွက်သုံးစွဲသွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ် အီမရန်ခမ်း အာဏာစတင်ရရှိပြီးနောက် အစိုးရတွင် ပြည်သူ့ဖူလုံ‌ရေး အစီအစဉ်များအတွက် ငွေကြေးမရှိသော်လည်းအချို့သည် ကိုလိုနီခေတ် အရှင်သခင်များကဲ့သို့ နေထိုင်ကြကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်မှစ၍ အီမရန်ခန်းသည် Bani Gala အိမ်တော်၌သာ နေထိုင်ခဲ့ပြီး ဝန်ကြီးချုပ်၏ ရုံးခန်းကိုသာ အသုံးပြုခဲ့သည်။ ၎င်း၏ အစိုးရ စတင်တာဝန်ပြီးနောက်ပိုင်း ပါကစ္စတန်၏ စီးပွားရေးသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၉ ဘီလျံခန့် လျော့နည်းသွားခဲ့သည်။ နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်စေရန် ဝန်ကြီးချုပ်သည် အစိုးရအသုံးစရိတ်များကို လျှော့ချသည့်အနေဖြင့် ခြိုးခြံ ချွေတာရေးအစီအစဉ်များကို လုပ်ဆောင်ခဲ့သည်။

အီမရန်ခန်း ဦးဆောင်သည့် အစိုးရသည် စီးပွားရေးနှင့် ပတ်သက်၍ စိတ်ကူးတည့်ရာ လုပ်နေပြီး အစိုးရနှင့် အစိုးရအဖွဲ့အစည်းများ၏ ကြွေးမြီသည် ရူပီး ၄၅၀၀၀ဘီလျံအထိ မြင့်တက်လာကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဟောင်း မစ်ဖ်တာအီဆာမေးလ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required