အိန္ဒိယအစိုးရက ပြည်ထောင်စု နယ်မြေအဆင့်သို့ ကြေညာထားသည့် လာဒတ်ချ်ဒေသ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာ

By Saudi Gazette
06 August 2021
အိန္ဒိယအစိုးရက ပြည်ထောင်စု နယ်မြေအဆင့်သို့ ကြေညာထားသည့် လာဒတ်ချ်ဒေသ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိလာ

အိန္ဒိယအစိုးရက ပြည်ထောင်စုနယ်မြေအဖြစ် ကြေညာထားသည့် လာဒတ်ချ်ဒေသတွင် ဗဟိုအစိုးရက သန့်ရှင်းစိမ်းလန်းပြီး ကျန်းမာကြွယ်ဝသော နယ်မြေဖြစ်စေရန် ရည်ရွယ်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများစွာကို အကောင်အထည်ဖော်နေသောကြောင့် တိုးတက်မှု အလားအလာများကို မြင်တွေ့ နေရသည်။

ဒေသဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ဖြေရှင်းရန် လာဒတ်ချ်ဒေသခံများသည် ၁၉၄၉ ခုနှစ် ကတည်းက ပြည်ထောင်စုနယ်မြေအဆင့်အတန်းရရှိရေးအတွက် ကြိုးပမ်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဆန္ဒအတိုင်း ခွင့်ပြုချက်ရရှိခဲ့သည်ဟု WION သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ရသည့် လာဒတ်ချ်ရှေ့တန်းဒေသဖွံ့ဖြိုးတိုးတက်ရေးကို အိန္ဒိယအစိုးရက ပိုမို အာရုံစိုက်လာနေပြီး ဟိမဝန္တာဒေသ၏ ကြမ်းတန်းမာကြောသော မြေနေရာတွင် မြေအောက်ဥမင်လိုဏ်ခေါင်း များနှင့် လမ်းများကို ဖောက်လုပ်နေသည်။

လမ်းများနှင့် ဥမင်လိုဏ်ကဲ့သို့သော အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်ရလာသည်။ နေရောင်ခြည်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်ယူနစ်များသုံး ဖိုင်ဘာအော့တစ် ကေဘယ်များမှ တစ်ဆင့် အင်တာနက်နှင့် တယ်လီဖုန်းကွန်ရက်များ သွယ်တန်းခြင်းကို ယခုအခါ အဝေးဆုံးနယ်စပ်ကျေးရွာများထိ သွယ်တန်းလျက်ရှိသည်။

အများပြည်သူဘဝကို အကျိုးသက်ရောက်စေသည့် ကဏ္ဍအသီးသီးတွင် သိသာထင်ရှားသည့် တိုးတက်မှုများ တွေ့မြင်နေသော်လည်း ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့က ဒေသနှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်မှန်းချက်ကြီးမားသည့် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။

၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလက ပြီးစီးခဲ့သော အလူစတန်-ဒရတ်စ်-ခါဂယ်လ်-လီးချ် ဓာတ်အားပေးစနစ် အပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများစွာကို အစိုးရက စတင်ပြုလုပ်ခဲ့သည်။

ယင်းဓာတ်အားပေးလိုင်းကြောင့် လာဒတ်ချ်ဒေသသည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ပုံမှန်ရရှိမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီက ဒါ့ချ်ရေအားလျှပ်စစ်စီမံကိန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်ဓာတ်အား သွယ်တန်းရန် 220 KV ဓာတ်အားလိုင်းရရှိမည်ဟု ကတိပြုပြောကြားခဲ့သည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လာဒတ်ချ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခန့်မှန်းခြေအားဖြင့် ရူပီး ဘီလီယံ ၆၀ ကိုခွဲဝေပေးခဲ့သည်။ ရူပီး ၂၁၁၄ ဒသမ ၄ ဘီလီယံကုန်ကျသောစီမံကိန်းကိုးခုကို လာဒတ်ချ်ဒေသ၏ ပြည်ထောင်စုနယ်မြေအစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly