ကက်ရှ်မီးယားတွင် ရွေးကောက်ပွဲကျင်းပခြင်းအပေါ် အိန္ဒိယက ပါကစ္စတန်ကို ပြစ်တင်ရှုတ်ချ

By The Indian Express
05 August 2021
ကက်ရှ်မီးယားတွင် ရွေးကောက်ပွဲကျင်းပခြင်းအပေါ် အိန္ဒိယက ပါကစ္စတန်ကို ပြစ်တင်ရှုတ်ချ

ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယား (PoK) တွင် ပါလီမန်ရွေးကောက်ပွဲများကျင်းပခြင်းအပေါ် အိန္ဒိယက ပါကစ္စတန်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပါကစ္စတန်၏ တရားမဝင် ကျူးကျော်မှုအား ဖုံးကွယ်ရန် ကြိုးပမ်းမှု သက်သက်ဖြစ်ကာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၉ရက်က ပြောကြားခဲ့သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘန်ချီက ပါကစ္စတန်သည် ယင်းအိန္ဒိယ နယ်မြေများတွင် တရားဝင်တည်ရှိပိုင်ခွင့် မရှိကြောင်းနှင့် ယင်း၏တရားမဝင်ကျူးကျော်သိမ်းပိုက်မှုအောက်ရှိ နေရာအားလုံးကို စွန့်လွှတ်သင့်ကြောင်း ပြောကြားခဲ့သည်။

“ ပါကစ္စတန်က တရားမဝင်ကျူးကျော်ထားတဲ့ အိန္ဒိယပိုင်နယ်မြေမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲက ပါကစ္စတန်က တရားမဝင် ကျူးကျော်မှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှု သက်သက်ဖြစ်ပြီး ဒီနယ်မြေတွေမှာ ပြုလုပ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေပါပဲ” ဟု သူက အွန်လိုင်းမီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသတွင်တွင် ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးရက်ပိုင်းအကြာတွင် ၎င်း၏ တုံ့ပြန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ထို ရွေးကောက်ပွဲများသည် မသမာမှုများနှင့် အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေသည်ဟုလည်း စွပ်စွဲချက်များရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly