တရုတ်နိုင်ငံပိုင်မီဒီယာက ထိတ်လန့်မှုကို ဟန့်တားလိုက်သဖြင့် တရုတ်စတော့များ ဆုံးရှုံးမှု နည်းခဲ့

တရုတ်နိုင်ငံပိုင်မီဒီယာက ထိတ်လန့်မှုကို ဟန့်တားလိုက်သဖြင့် တရုတ်စတော့များ ဆုံးရှုံးမှု နည်းခဲ့

တရုတ်အစိုးရက စည်းကမ်းထိန်းချုပ်မှု တင်းကြပ်လိုက်သဖြင့် ရင်းနှီးမြှပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ ကြောင့် ရှယ်ယာဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အစုရှယ်ယာများ ဇူလိုင်လ ၂၈ရက်တွင် ကျဆင်းသွားခဲ့ပြီး အစောပိုင်းက အရှုံးပေါ်ခဲ့သော်လည်း အစိုးရပိုင် ဘဏ္ဍာရေးမီဒီယာက အခြေအနေ တည်ငြိမ်မှုရှိရန် တိုက်တွန်းမှုကြောင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။

ရှန်ဟိုင်းစတော့အညွှန်းကိန်းသည် ၂ ရာခိုင်နှုန်းထိကျဆင်းခဲ့သော်လည်း နံနက်ပိုင်းစတော့ ဈေးဖွင့်ချိန် မကုန်ဆုံးမီ အညွှန်းကိန်းသည် ဝ ဒသမ ၅၉ ရာခိုင်နှုန်းသာ ကျဆင်းတော့သည်။

ပထမတန်းစားကုမ္ပဏီကြီးများ၏ CSI300 အညွှန်းကိန်းသည် နံနက်ခင်းတွင် ဈေးကျခြင်းကြောင်း ဖြစ်ပေါ် ခဲ့သော အရှုံးကို ပြန်ထေပေးနိုင်ခဲ့သော်လည်း ယခုတစ်ပတ်အတွက် ၆ ဒသမ ၆ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။

ဟောင်ကောင်တွင် အထင်ကရဖြစ်သည့် Hang Seng အညွှန်းကိန်းသည် အတက်အကျ ဖြစ်နေသော် လည်း ဇူလိုင်လ ၂၇ရက်က ၈ လတာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းပြီးနောက် ဇူလိုင် ၂၈ရက် မွန်းတည့် ချိန်တွင် ဝ ဒသမ ၂၄ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။ ဟန်ဆန်တရုတ်လုပ်ငန်းများအညွှန်းကိန်းသည် ဝ ဒသမ ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဟောင်ကောင် China Renaissance မှ အစုရှယ်ယာများဆိုင်ရာအကြီးအကဲ အန်ဒီမေနာ့ဂ်က ဇူလိုင်လ ၂၈ရက် ဈေးကွက်အခြေအနေသည် ကြောက်စိတ်ကြောင့်သာ ဖြစ်သည်ဟုဆိုသည်။

ဇူလိုင်လ ၂၇ရက်က ရှယ်ယာဈေးနှုန်းများ စံချိန်တင်ကျဆင်းခဲ့သော Hang Seng Tech အညွှန်းကိန်းသည် အနည်းငယ်သာ ကျဆင်းခဲ့သည်။ တရုတ် ပြည်မကြီး၏ အိမ်ခြံမြေလုပ်ငန်းများအညွှန်းကိန်းသည် ဝ ဒသမ ၄၅ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်းများသည် ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဈေးကွက်များတွင် စတော့ဈေးကွက် စာရင်းဝင်ထားသော ပညာရေးကုမ္ပဏီများအား စောင့်ကြည့်သော CSI အညွှန်းကိန်းသည် ဝ ဒသမ ၅၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly