ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ရဲကားတစ်စီးအတွင်းသို့ ဗုံးပစ်သွင်းခံရပြီး အရာရှိ တစ်ဦးသေဆုံး

ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ရဲကားတစ်စီးအတွင်းသို့ ဗုံးပစ်သွင်းခံရပြီး အရာရှိ တစ်ဦးသေဆုံး

ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့တွင် ဇူလိုင် ၃၁ ရက်က ရဲကားတစ်စီးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခံခဲ့ရသဖြင့် ရဲအရာရှိတစ်ဦး သေဆုံးကာ အခြားသူများ ဒဏ်ရရှိခဲ့သည်။

ဗုံးဖြင့် ပစ်သူများ ထွက်ပြေးသွားပြီး မည်သည့်အဖွဲ့က တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပြည်သူများက ခပ်ခွာခွာနေထိုင်ရေး စည်းကမ်းများကို လိုက်နာစေရန် အစိုးရအရာရှိတစ်ဦးက ဈေးအတွင်း လှည့်လည်စစ်ဆေးနေချိန်တွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပက်ရှ်ဝါရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှု မြင့်တက်လာပြီး ဆေးရုံများ၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လူနာအများအပြား ရောက်ရှိလာသောကြောင့် ပြည်သူများ နှာခေါင်းပါးစပ်စည်းများ ဝတ်ဆင်စေရန် ရဲများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကို စစ်ဆေးစေရန် ပါကစ္စတန်အာဏာပိုင်များက တာဝန်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly