အတိုက်အခံများ နေရပ်ပြန်လာစေရန် တရုတ်က အင်တာပိုကို အသုံးချနေကြောင်း ရှေ့နေများပြောကြား

အတိုက်အခံများ နေရပ်ပြန်လာစေရန် တရုတ်က အင်တာပိုကို အသုံးချနေကြောင်း ရှေ့နေများပြောကြား

အမေရိကန်နှင့် တရုတ်အကြား တရားခံလွှဲပြောင်းပေးအပ်မှုဆိုင်ရာသဘောတူညီချက် တစ်ခုမျှမရှိသော်လည်း မှားယွင်းစွပ်စွဲမှုဖြင့် ဇာတိမြေသို့ ပြည်နှင်ဒဏ်ပေးခံရမည့် တရုတ်ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးကို လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန် အမေရိကန်အစိုးရကို ရှေ့နေများက တောင်းဆိုလိုက် သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အမေရိကန်မှ တရားခံပြေးများပြန်လာရေးကို တွန်းအားပေးရန် အင်တာပို၏ အနီရောင် သတိပေး စနစ်ကို တရုတ်က အသုံးချခဲ့သည့် ကိစ္စများထဲမှ တစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေး ထောက်ခံသူများက ဆိုသည်။

ယင်းစနစ်အရ နိုင်ငံတကာ ရဲတပ်ဖွဲ့၏ အဖွဲ့ဝင်ငံ တစ်နိုင်ငံသည် ပြည်ပတွင် နေထိုင်သော တရားခံပြေးများအား ဖမ်းဆီးပြီးပြန်ပို့ပေးရန် အခြားနိုင်ငံများအား တောင်းဆိုနိုင်သည်။

ယခုနည်းဗျူဟာကြောင့် အမေရိကန်က ထိန်းသိမ်းထားသူများအား တရုတ်အာဏာပိုင်များထံသို့ အမြဲတမ်း သို့မဟုတ် ရံဖန်ရံခါ လွှဲပြောင်းပေးရမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

တရုတ်နိုင်ငံသားတစ်ဦးကို ဇွန်လတွင်ဖမ်းဆီးခဲ့ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်း ရေးစခန်းတွင် ထိန်းသိမ်းထားသည်။

တရုတ်ပြည်တွင် နေထိုင်သူ မွေးချင်းတစ်ဦးသည် အစ်ကိုဖြစ်သူ တရုတ်ပြည်သို့ ပြန်မလာသဖြင့် အစိုးရ စုံထောက်များ၏ ရာဇဝတ်မှုကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုခံရသည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန(ICE ) က သူ၏ ဗီဇာသက်တမ်း ကျော်လွန်ခြင်းကြောင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး တရုတ်စွဲချက်များကြောင့် ဖမ်းဆီးချုပ်နှောင်ထားခြင်း ဟုတ်မဟုတ်ကို မှတ်ချက်မပေးခဲ့ပေ။

တရုတ်အစိုးရက အတိုက်အခံများအပေါ် ပစ်မှတ်ထားခြင်းကို တိုက်ဖျက်မည့် အမေရိကန်၏ ကြိုးပမ်းမှုများကို ကျော်လွှားရာတွင် အမေရိကန်လူဝင်မှုကြီးကြပ်ရေးစနစ်ကို အမြတ်ထုတ်နေကြောင်း ထိုသူ၏ ရှေ့နေများက ဆိုသည်။ ထိုအမျိုးသားနှင့် မိသားစုဝင်များသည် အမေရိကန်တွင်ခိုလှုံခွင့်တောင်းခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly