နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် လူ့အခွင့်အရေးလှုပ်ရှားမှု တားမြစ်ခံရ

နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် လူ့အခွင့်အရေးလှုပ်ရှားမှု တားမြစ်ခံရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ။             ။ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး လှုပ်ရှားမှု တားမြစ်ခံခဲ့ရကြောင်း လှုပ်ရှားမှုပြုလုပ်နေ သည့်အဖွဲ့ထံမှသိရသည်။

ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ပျဉ်းမနားမြို ့ကုတင် (၂၀၀) ဆေးရုံနှင့် အ.မ.က ( ၁၄၆ ) တို့တွင် သန့်ရှင်းရေး ပြုလုပ်ရန် နှင့် လူ့အခွင့်အရေး အချက် (၃၀) ပါ ပိုစတာများကပ်ရန် ဒီဇင်ဘာ ၉ ရက် ည ဆယ်နာရီခွဲ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ခွင့်ပြုခဲ့ကြောင်း အဆိုပါလှုပ်ရှားမှု တာဝန်ခံ ဖြစ်သူကိုရဲဝင်းထွန်းက ပြောသည်။

" ခရိုင်ကတားတယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားတယ် ခရိုင်ကခွင့်မပြုတာလို့ပြောတယ်။ ဘာကြောင့်တားတယ်ဆိုတာတော့ မပြောဘူး ၊ ဘြာကြောင့်တားတယ်ဆိုတာတော့ မပြောဘူး။ ပြည်ထောင်နယ်မြေ ဖြစ်တဲ့အတွက် ဘာလှုပ်ရှားမှုမှ ခွင့်မပြုတာလို့ပြောတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေမှာဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ပါရင်လုပ်လို့ရတယ်ဆိုတာလည်း အုပ်ချုပ်ရေးမှူးကကျတော်တို့ကိုရှင်းပြတယ် " ဟု ကိုရဲဝင်းထွန်းကပြောသည်။

နေပြည်တော်တွင် ပထမဆုံးအဖြစ်ပြုလုပ်သည့် လူအခွင့်အရေးအထိမ်းအမှတ်နေ့ လှုပ်ရှားမှုကို ညီမျှခြင်း မြန်မာ ( Equality Myanmar ) က ပြုလုပ်သည့် လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်း မှ သင်တန်းသားများ နှင့် ပြည်သူများစုပေါင်းကာ အင်အား (၅၀) ခန့်က လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly