စစ်သားများက သေနတ်ဖောက်၍ အောက်စီဂျင်တန်းစီနေသူများကို လူစုခွဲဟုဆို

စစ်သားများက သေနတ်ဖောက်၍ အောက်စီဂျင်တန်းစီနေသူများကို လူစုခွဲဟုဆို

ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် စက်မှုဇုန် ၁ လွိုင်ကော်လမ်းတွင် အောက်စီဂျင်တန်းစီနေသူများကို စစ်ကောင်စီတပ်စစ်သားများက တနင်္လာနေ့ ည ၉နာရီ ၅၆မိနစ် အချိန်တွင် သေနတ်ဖောက်၍ လူစုခွဲခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။

" လေးချက်စဖောက်တယ်။ ပြီးတော့ နောက်ထပ်နှစ်ချက်ဖောက်တယ်။ ကြောက်လို့ ငြိမ်နေရတယ်။  အတိအကျ ထိခိုက်မှုတော့ မသိသေးဘူး။ ပြေးလာရလို့ အောက်စီဂျင်ဗူးတွေတောင် ကျန်ခဲ့ပါတယ်။ လိုက်ဖမ်းနေတာပါ ကိုယ်တိုင်တောင် ကံကောင်းလို့မမိတာ''ဟု ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။ 

သေနတ်ဖောက်၍ လိုက်လံဖမ်းဆီးနေသည့်အတွက် ကြောက်လန့်ပြီး ပြေးကြရသဖြင့် အောက်စီဂျင်အိုးများပါ ထားခဲ့ရကြောင်း သိရသည်။

" အောက်စီဂျင်က ဒီအချိန်မှာ လူတွေ ဘယ်လိုရှာရလဲအားလုံးလဲ တွေ့နေတော့ ကောင်းကောင်းသိမှာပါ။ အောက်စီဂျင်အိုးက ဒီအချိန်မှာတော့ လူ့အသက်ပါဘဲ။ မိုးရွာရွာ နေပူပူ မျှော်လင့်ချက်တွေနဲ့ မနက်အစောကြီးကတည်းက တန်းစီကြရတာ လူတွေက '' ဟု လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ 

စစ်သားများက ဆိုင်ကယ်များဖြင့် ရောက်လာပြီး ပစ်ခတ်ကြခြင်းဖြစ်သည်ဟုလည်း မြင်တွေ့ခဲ့ရသူများက အတည်ပြုပြောကြားသည်။

ထို့အပြင် ဆိုင်ကယ်ဖြင့် အောက်စီဂျင်ဗူး သယ်သွားသည့် အရပ်သားကိုလည်း စစ်သားများကသေနတ်ဖြင့် လိုက်လံပစ်ခတ်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly