ကရာချိတွင် စစ်တပ်အရာရှိ၏ လုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရဲ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

By India Blooms News Service
12 July 2021
ကရာချိတွင် စစ်တပ်အရာရှိ၏ လုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရဲ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ ကလစ်တန်ဧရိယာတွင် စစ်တပ်အရာရှိတစ်ဦး၏ ပုဂ္ဂလိက လုံခြုံရေးတစ်ယောက်နှင့် ရဲများ မီးပွိုင့်ကိစ္စရပ်နှင့် ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် အနည်းဆုံးရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်စဉ်သည် ဇူလိုင် ၄ရက် ည ၉ နာရီခန့်တွင်ဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ ရဲအရာရှိနှစ်ဦးက Dawn News သို့ ပြောကြားခဲ့သည်။

“ အရပ်အဝတ်အစားများ ဝတ်ဆင်ထားသည့် စစ်တပ်မှ ဗိုလ်မှူးတစ်ဦး နှင့် သူ၏ အစ်ကိုဖြစ်သူ ရှေ့နေတို့ သည် သူတို့၏ ကိုယ်ပိုင်ကားဖြင့် ခရီးသွားလာစဉ် ခါရာဘန်အိုင်တော်ဟိတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရသည်” ဟု သူတို့ထဲမှ တစ်ဦးက သတင်းစာကို ပြောကြားခဲ့သည်။

စစ်တပ်အရာရှိက လမ်းကြောင်းရှင်းလင်းပေးရန် ရဲများအား ပြောကြားခဲ့သည်ဟု သိရှိရသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စကားများခဲ့ရာမှာ ဗိုလ်မှုးက ရဲအရာရှိတစ်ယောက်ကို သူ့ကားဖြင့် ခေါ်ဆောင်၍ မောင်းထွက်သွားခဲ့သည်” ဟု အရာရှိက ပြောသည်။

ထိုအချိန်မှာပင် ကင်းလှည့်နေသောရဲတပ်ဖွဲ့ နှစ်ဖွဲ့က သည် ကလစ်တန်ရှိ ပုဂ္ဂလိကဆေးရုံအနီးတွင် ဗိုလ်မှုးကားကို ရပ်တန့်လိုက်ရာ သူ၏“ ပုဂ္ဂလိကလုံခြုံရေး” နှင့် ရဲအရာရှိများအကြား ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း Dawn News က ဖော်ပြခဲ့သည်။

“ဒီလို ဖြစ်ပွားရာမှာ ရဲတပ်သားများဖြစ်သည့် ဝါကွစ်နှင့် အာနန်တို့သည် သေနတ်ဒင်ဖြင့် ရိုက်နှက်မှုကြောင့်ဒဏ်ရာရရှိခဲ့သည်” ဟု ရဲအရာရှိက ပြောကြားခဲ့သည်။

ယင်းကိစ္စကို နှစ်ဖက်ဆွေးနွေးဖြေရှင်းလိုက်ပြီး ရဲက အရေးမယူခဲ့ကြောင်း ရဲအရာရှိက Dawn News သို့ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly