ဇူလိုင် ၁၀
ကိုဗစ်ကြောင့် KNU ထိန်းချုပ်နယ်မြေတစ်ချို့မှာလည်း အဝင်/အထွက် ကန့်သတ်တာတွေကို စတင်ပြုလုပ်လာပါတယ်။ KNU-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နဲ့ထိစပ်တဲ့နယ်မြေတွေမှာ ကိုဗစ်ရောဂါကူးစက်မှုများပြားလာလို့ လမ်းတချို့ကို ယာယီပိတ်ထားလိုက်ပါတယ်။
ဇူလိုင် ၉ ရက်ကစလို့ ရပ်ဝေး၊ ရပ်နီး သွားလာသူတွေကို ကျန်းမာရေးလုံခြုံမှုအရ စစ်ဆေးမေးမြန်းမှာဖြစ်ပြီး အရေးပေါ်ကိစ္စကလွဲလို့ သွားလာခွင့်ပြုမှာ မဟုတ်ကြောင်းလည်း သိရပါတယ်။
ကုန်ပစ္စည်းတွေကိုတော့ တစ်ပတ် နှစ်ကြိမ် သတ်မှတ်ထားတဲ့နေရာမှာ သယ်ယူခွင့်ပြုထားပြီး မုန်း-ကျောက်ကြီး ကားလမ်းမကြီး အတိုင်းသာ ဖြတ်သန်းသွားလာခွင့်ပေးထားတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ (၁၀)ရက်နေ့မှာ KNU-မုန်းမြို့နယ် ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ တာဝန်ရှိသူတွေ ဆွေးနွေးကြမှာဖြစ်ပြီး ဒေသတွင်းရောဂါအခြေအနေအရ အသွားအလာ ကန့်သတ်မှုကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲသိရပါတယ်။