တရုတ်က အိန္ဒိယကို ကန့်သတ်မဲ့စစ် ဆင်နွှဲနေကြောင်း အစီရင်ခံစာက ဖော်ပြ

တရုတ်က အိန္ဒိယကို ကန့်သတ်မဲ့စစ် ဆင်နွှဲနေကြောင်း အစီရင်ခံစာက ဖော်ပြ

၁၉၉၉ ခုနှစ်တွင် တရုတ်အရာရှိနှစ်ဦးက အမေရိကန်ကို အနိုင်ယူနိုင်မည့် နည်းလမ်းအမျိုးမျိုးကို တင်ပြခဲ့ပြီး ထိုနည်းလမ်းများသည် အနောက်နိုင်ငံများနှင့်စစ်ရေးအရ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော နိုင်ငံများက အသုံးပြုရမည့် နည်းလမ်းများဖြစ်သည်။

‘အမေရိကန်အား ဖျက်စီးရန် တရုတ်၏ မဟာစီမံကိန်း’ ဟု ခေါ်တွင်သည့် ကန့်သတ်မဲ့စစ်ဟု အမည်ပေးထားသော ၎င်းတို့၏ စာအုပ်တွင် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားရမည့် နည်းလမ်းများကို အကြံပြုထားပြီး ယင်းနည်းလမ်းများတွင် ဘဏ္ဍာရေးစနစ်များကို ပစ်မှတ်ထားခြင်း၊ စီးပွားရေးအရ အနှောက်အယှက်ပေးခြင်း၊ အခြေခံအဆောက်အအုံများကို ထိန်းချုပ်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ နိုင်ငံရေးဝါဒဖြန့်ခြင်းနှင့် သွယ်ဝိုက်သောစစ်ပွဲများ စသည်တို့ပါဝင်သည် ဟု American Thinker မှ စာရေးဆရာ ဂျနက်လီဗေးက ပြောကြားခဲ့သည်။

အဆိုပါ နည်းဗျူဟာများကို တရုတ်အစိုးရက အထူးသဖြင့် အမေရိကန်၏ မဟာမိတ်အိန္ဒိယအား ဆန့်ကျင်တန်ပြန်ရာတွင် ကျင့်သုံးနေမည်မှာ အသေအချာဖြစ်သည်။

အိန္ဒိယနိုင်ငံကို ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက ဦးဆောင်နေသည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၁၉၄၉ တွင် အာဏာရလာခဲ့ပြီး ထိုအချိန်က လွတ်လပ်ပြီးခါစ ဒေသတွင်း ယင်းသို့ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံအတွက် တစ်ခုတည်းသောအဖြေဖြစ်ခဲ့ပုံရသည်။

သို့သော်ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်းဖြစ်ရပ်များစွာက တရုတ်သည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီကို ဖျက်ဆီးရန် ကြိုးပမ်းကြောင်းမှာ သိသာထင်ရှားလာခဲ့ရာတွင် နယ်မြေပိုင်နက် ခိုးယူခြင်း၊ တရုတ် - အိန္ဒိယနယ်စပ်တစ်လျှောက်တိုက်ပွဲများဖြစ်ပွားခြင်း၊ ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ အိန္ဒိယ၏ ဘဏ္ဍာရေးအချက်အချာဖြစ်သော မွန်ဘိုင်းမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကဲ့သို့သော သမရိုးကျမဟုတ်သော လက်နက်များအသုံးပြုခြင်း၊ မျှဝေရမည့် ရေအရင်းအမြစ်များကို လမ်းကြောင်းလွှဲခြင်းနှင့် အိန္ဒိယ၏ အဓိက ရန်သူပါကစ္စတန်နှင့် ပထဝီနိုင်ငံရေးအရ မဟာမိတ်ဖွဲ့ခြင်းတို့ဖြစ်သည်။

တရုတ်သည် ဆွန်ဇူး၏ စစ်ရေးအနုပညာစာအုပ်များ၊ နည်းလမ်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိများ၏ ကန့်သတ်မဲ့စစ်စာအုပ်ပါ နည်းလမ်းများကို အသုံးပြုနေကြောင်း American Thinker က ဆိုသည်။

၂၀၂၀ပြည့်နှစ်က ဆယ်စုနှစ်တစ်ခုကြာနေပြီဖြစ်သည့် နှစ်ဘက်သဘောတူညီချက်ကို တရုတ်က ချိုးဖောက်လိုက်ခြင်းကြောင့် ထိန်းချုပ်မျဉ်းရှိ အိန္ဒိယတပ်များမှာ အံ့အားသင့်ခဲ့ရသလို ကန့်သတ်ထားသော စစ်တပ်အရေအတွက်နှင့် မဖြစ်မနေ တုံ့ပြန်ခဲ့ရသည်။

ယင်းတိုက်ပွဲတွင် အိန္ဒိယစစ်သား ၂၀ သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့သည်။ စေ့စပ်ညှိနှိုင်းမှု စည်းမျဉ်းများအရ သက်ရှိများကို မပစ်ခတ်ရဟူသည့် စည်းမျဉ်းကို ပါးနပ်စွာရှောင်ရှားပြီး တရုတ်သည် ကီလိုမီတာအကွာအဝေးထိ ပစ်ခတ်နိုင်သော 'မိုက်ခရိုဝေ့ဖ်လက်နက်များ' ဖြင့် အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ခဲ့သည်ဟု ကျွမ်းကျင်သူ အမြောက်အများက ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly