နိုင်ငံဧရိယာ၏ ၂၅ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တရုတ်က သတ်မှတ်

နိုင်ငံဧရိယာ၏ ၂၅ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တရုတ်က သတ်မှတ်

နိုင်ငံဧရိယာ၏ ၂၅ ရာခိုင်နှုန်းကို ဂေဟဗေဒဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေများအဖြစ် တရုတ်က သတ်မှတ်ပြီး သဘာဝပတ်ဝန်းကျင်တိုးတက်စေရန်နှင့် သယံဇာတများကို ထိန်းသိမ်းရန်အတွက် တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် လူသား၏ လုပ်ဆောင်မှုများကို ကန့်သတ်ထားလိုက်သည်။

“ လျော်ကန်မျှတမှုမရှိသည့် ဖွံ့ဖြိုးတိုးတက်မှု” က ဂေဟစနစ်လုံခြုံရေးကိုပြင်းထန်စွာ ဖိအားပေးခဲ့သည်ဟု အစိုးရက အသိအမှတ်ပြုထားပြီး လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက ကာကွယ်ရန် လိုအပ်နေသည့်နေရာများကို ဖော်ထုတ်ကာ ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနအား တာဝန်ပေးအပ်ခဲ့သည်။

ဝန်ကြီးဌာန၏ သဘာဝနှင့် ဂေဟဗေဒထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး စူးရှုဟုန်က ဇူလိုင်လ ၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ခဲ့သည့် အဓိကဇုန်များ၊ ထိခိုက်လွယ်သောဧရိယာများနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် အရေးပါသောဒေသများကို အနီရောင်မျဉ်းရေးဆွဲထားသည်ဟု ပြောကြားခဲ့သည်။ ။

“ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အနီရောင်လိုင်းများကို အသေးစိတ်ရေးဆွဲပြီး၊ တိတိကျကျစောင့်ကြည့်မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အရေးကြီးသောအကျိုးစီးပွားကို ထိခိုက်စေမည့် ဂေဟစနစ်ပတ်ဝန်းကျင်ကိုချိုးဖောက်မှုများကိုလည်း ကာကွယ်သွားမည်” ဟု စူးက ဆိုခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဗဟိုအစိုးရက ဒေသန္တရအစိုးရအရာရှိများသည် သတ်မှတ်ထားသောနေရာများကို ကာကွယ်ရန်တာဝန်ရှိ သည်ဟု ရှင်းလင်းစွာဖော်ပြထားသလို နောက်ပိုင်းတွင် စက်မှုဇုန် စက်ရုံများ၊ စိုက်ပျိုးမွေးမြူရေးခြံများ၊ ဝက်ခြံများကို တင်းကျပ်စွာကိုင်တွယ်ရန် အမိန့်များထုတ်ပြန်ခဲ့ပြီး အိမ်များကိုပင် အနီရောင်လိုင်းများအတွင်းတွင်သာ တည်ဆောက်ရန် အမိန့်ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly