ပြည်ပရောက် တိဘက်များနှင့် ဆက်သွယ်သဖြင့် နက်ဂ်ချုစီရင်စုရှိ တိဘက်များကို ထောင်ဒဏ်အပြစ်ပေး

ပြည်ပရောက် တိဘက်များနှင့် ဆက်သွယ်သဖြင့် နက်ဂ်ချုစီရင်စုရှိ တိဘက်များကို ထောင်ဒဏ်အပြစ်ပေး

နက်ဂ်ချုစီရင်စုရှိ ဒါရူ ကောင်တီရှိ တိဘက်အများအပြားသည် ပြည်ပရောက် တိဘက်များနှင့် ဆက်သွယ်မှုပြုသဖြင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နှစ်တစ်ရာပြည့်အခမ်းအနားမတိုင်မီက ဖမ်းဆီးခံခဲ့ရသည်။

အသက် ၄၄ နှစ်အရွယ် ကလေး ၃ ယောက်၏ ဖခင်ဖြစ်သူ ကွာကျင်းသည် ပြည်ပရောက် တိဘက်လူမျိုးများနှင့် ဆက်သွယ်မှုတစ်ခုတည်းကြောင့် အခြားသူများနှင့်အတူ အဖမ်းခံခဲ့ရကြောင်း လူ့အခွင့်အရေးအုပ်စုဖြစ်သည့် တိဘက်စောင့်ကြည့်ရေးအဖွဲ့ (Tibet Watch) ကို ကိုးကားပြီး Phayulက သတင်းဖော်ပြခဲ့သည်။

ဇွန်လ ၁ရက် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ နှစ်တစ်ရာပြည့်အခမ်းအနားမတိုင်မီ တိဘက်မှ ဒေသခံသတင်းရင်းမြစ်များသည် တင်းကျပ်စွာ စောင့်ကြည့်ခြင်းကိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တိဘက်စောင့်ကြည့်ရေးအဖွဲ့မှ သုတေသီ ဆိုနမ် တိုဂေးက မတရားဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် တရုတ်အစိုးရသည် နိုင်ငံရပ်ခြားတိဘက်ရုံးခွဲမှတစ်ဆင့် တိဘက်များကို နှစ်ပေါင်းများစွာ ဆက်တိုက်နှိမ်နင်းခဲ့သည်ဟု ပြောကြားခဲ့သည်။

“ အိန္ဒိယက ဆွေမျိုးတွေကို ဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ သေဆုံးသွားခဲ့တဲ့ လာမိုကိစ္စနဲ့ ကျွန်တော်တို့က အကျွမ်းဝင်ပြီးသားပါ။ ဒီလိုအလားတူအမှုတွေ တိဘက်တွေမှာ ဖြစ်လေ့ရှိပေမယ့် တရုတ်အစိုးရက တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေလို့ အခိုင်အမာသက်သေပြဖို့ ခက်နေပါတယ် ” ဟု ဆိုနမ် တိုဂေးက ပြောကြားခဲ့သည်။

ထို့ပြင် တိဘက်စောင့်ကြည့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက တရုတ်အစိုးရ၏ နည်းဗျူဟာများသည် ဒေသခံပြည်သူများအား မတရားဖမ်းဆီးသည့် မဟာဗျူဟာဆိုင်ရာမူဝါဒများဘက်သို့ တစ်ဖြည်းဖြည်းပြောင်းလဲလာနေကြောင်း ဆိုခဲ့သည်။

လက်စားချေခံရမည်ကို စိုးရိမ်သောကြောင ့်ဖိနှိပ်ခံတိဘက်များအနေဖြင့် ထုတ်ဖော်ပြောဆိုရန် တွန့်ဆုတ်နေကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly