ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းတိုးခွင့် ယာယီရပ်ဆိုင်း  

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ခွင့်သက်တမ်းတိုးခွင့် ယာယီရပ်ဆိုင်း  

ဇူလိုင် ၆

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေထိုင်ခွင့် သက်တမ်းတိုးတာကို ဇူလိုင် ၅ ရက်နေ့ မနေ့ကစပြီး ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ကြောင်း သိရပါတယ်။

“မနေ့ကစပြီး ကြေညာလိုက်တယ် နေထိုင်ခွင့် သက်တမ်းတိုး လုပ်ငန်းစဉ်တွေကို ရက်အကန့် အသတ်မရှိ ယာယီရပ်နားတယ်ဆိုပြီး ကိုဗစ်ကြောင့်ပါ ဒီလိုရပ်နားလိုက်တာ သက်တမ်းတိုးတဲ့ သူတွေကိုရပ်နားတာပါ။ အခုမှအသစ်စလုပ်မယ့်သူတွေကတော့ ဘာအခွင့်အရေးမှမရှိတော့ဘူး”  လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေတဲ့ AAC က ဦးရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းကြောင့် လူစုလူဝေးဖြစ်စေမယ့် သက်တမ်းတိုး လုပ်ငန်းစဉ်တွေကို ရပ်နားလိုက်တာဖြစ်ပြီး အဲ့ဒီလိုရပ်နားလိုက်တဲ့အတွက် စာရွက်စာတမ်းမပြည့်စုံ တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများရှိနေနိုင်တယ်လို့ ဆိုပါတယ်။

“သူတို့ဖက်က တိုးမပေးတာဆိုတော့ စာရွက်စာတမ်းမပြည့်စုံလို့ဆိုပြီး ဖမ်းလို့မရတော့ဘူးပေါ့ အဲ့ဒီလိုဖမ်းရင်လဲ မတရားတော့ဘူးလေ သူတို့လဲ လိုက်ဖမ်းတာတွေတော့ ရပ်ထားမယ်လို့ ထင်တာပဲ” လို့ ဦးရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိနေပြီး မြန်မာပြည် အာဏာသိမ်းမှု ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုတွေက နေ့စဉ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly