တရုတ်မှ တင်သွင်းသည့် ဈေးပေါသည့် နှာခေါင်းစည်းများကြောင့် အမေရိကန်ထုတ်လုပ်သူများ စီးပွားပျက်လုနီးပါးဖြစ်နေ

တရုတ်မှ တင်သွင်းသည့် ဈေးပေါသည့် နှာခေါင်းစည်းများကြောင့် အမေရိကန်ထုတ်လုပ်သူများ စီးပွားပျက်လုနီးပါးဖြစ်နေ

ထုတ်လုပ်သည့်ပမာဏ ကျဆင်းလာစဉ် တရုတ်မှ တင်သွင်းသည့် ဈေးပေါသည့် နှာခေါင်စည်း များကြောင့် အမေရိကန်မှ နှာခေါင်စည်း ထုတ်လုပ်သူများက စီးပွားပျက်လုနီးပါးဖြစ်နေသည်။

အမေရိကန် နှာခေါင်စည်း ထုတ်လုပ်သူ Premium-PPE သည် ယမန်နှစ်က အများဆုံးရောင်းချရချိန်ထက် ၉၀ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့ပြီး ရောင်းအား ဒေါ်လာ ၄ သန်းမှ ၅ သန်းအထိ ကျဆင်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ဗာဂျီးနီးယားဘိမြို့ရှိစက်ရုံမှာ ပစ္စည်းကိရိယာများနှင့် ရောင်းမကုန်သော ကုန်စည်များ စုပုံနေမှုကြောင့် ပြည့်ကြပ်နေသည်ဟု တိုင်ဆယ်ဟိုရာမာက Nikkei Asia တွင် ရေးသားခဲ့သည်။ တစ်ချိန်က လူပေါင်း ၂၈၀ ခန့်ရှိခဲ့သော လုပ်သားအင်အားသည် ၅၀ ခန့်အထိကျဆင်းခဲ့ရသည်။

“မျက်နှာဖုံးတွေကို တစ်ပြားအောက်နဲ့ ရောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” အခွန်အရာရှိချုပ် ဘရန်းဒီလီက ပြောကြားခဲ့သည်။

Premium-PPE သည် အမေရိကန်မျက်နှာဖုံးထုတ်လုပ်သူများထဲတွင် တရုတ်ပြိုင်ဘက်များအား အရှုံးပေးနေရသည့် စက်ရုံတစ်ရုံဖြစ်ပြီး၊ ကုန်ကျစရိတ်ထက် လျော့နည်းထုတ်ကုန်များ ဈေးကွက်ထဲလို့ အစုလိုက်အပြုံလိုက်ဝင်ရောက်လားခြင်းက အမျိုးသားလုံခြုံရေးနှင့် မိမိကိုယ်ကိုဖူလုံရေးကုန်ကျစရိတ်အတွက် အငြင်းပွားမှုများနှင့် ဆက်စပ်နေသည့်ပြဿနာဖြစ်သည်ဟု ဒီလီနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက စွပ်စွဲခဲ့ကြောင်း တိုင်ဆယ်က ရေးသားခဲ့သည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်က တောမီးလောင်မှုကဲ့သို့ မပျံ့နှံ့ခင်က ၂၀၂၀ မတ်လတွင် တစ်ခါသုံး နှာခေါင်စည်း များ မထုတ်လုပ်ခင်က Premium-PPE သည် အီလက်ထရောနစ်စီးကရက်များကို ရောင်းချခဲ့သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် နှာခေါင်းစည်း အလွန်အမင်း ပြတ်လပ်သွားမှုကြောင့် သုံးပြီးသား နှာခေါင်းစည်းများ ကို ပြန်လည် အသုံးပြုခဲ့ရသည်။

နှာခေါင်းစည်း ဗူးတစ်ခုစီတိုင်းတွင် ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားမှုအမှတ်အသားအဖြစ် စာလုံးကြီးများဖြင့် "အမေရိကန်တွင် ထုတ်လုပ်သည်" ဟု ရေးသားထားသည်။

ကာကွယ်ဆေးထိုးမှုနှုန်းများလာသည့်တိုင်အောင် နှာခေါင်းစည်း ဝယ်လိုအားမှာ ကျမသွားသေးပေ။ သို့သော် ဝယ်သူအနည်းငယ်ကသာ တရုတ်မျက်နှာဖုံးထက် ၁၀ ဆ ဈေးကြီးသော အမေရိကန်မျက်နှာဖုံးကို သုံးစွဲလိုကြကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အမေရိကန် ဂိုထောင်များတွင် စုပုံနေသည့် နှာခေါင်းစည်းသန်း ၃၀ဝ နီးပါးခန့်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly