တရုတ်ကို အနိုင်ကျင့်သည့် နိုင်ငံများ သံမဏိမဟာတံတိုင်းနှင့် ရင်ဆိုင်ရမည်ဟု သမ္မတရှီကျင့်ဖျင် ပြောကြား

တရုတ်ကို အနိုင်ကျင့်သည့် နိုင်ငံများ သံမဏိမဟာတံတိုင်းနှင့် ရင်ဆိုင်ရမည်ဟု သမ္မတရှီကျင့်ဖျင် ပြောကြား

တရုတ်နိုင်ငံ၏ တိုးတက်မှုသည် သမိုင်းကြောင်းအရ မဖြစ်မနေ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများက အနိုင်ကျင့်ခြင်း၊ဖိနှိပ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ လုပ်ဆောင်နိုင်တော့မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖျင်က ဇူလိုင် ၁ ရက် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားလိုက်သည်။

“ဒီလိုလုပ်ဖို့ လာကြိုးပမ်းတဲ့သူကတော့ တရုတ်ပြည်သူ ၁ ဒသမ ၄ ဘီလျံက ကာရံထားတဲ့ သံမဏိမဟာတံတိုင်းကြီးကို ခေါင်းတိုက်သလိုဖြစ်ပြီး ကွဲပြဲ သွေးထွက်သွားပါလိမ့်မယ်” ဟု ရှီက ပြောကြားသည်။

တီယန်မင်ရင်ပြင်၌ ပရိသတ် ၇ သောင်းခန့် တက်ရောက်သည့် အထိမ်းအမှတ်အခမ်းအနားတွင် ရှီကျင့်ဖျင်က အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် မိန့်ခွန်းပြောကြားရာ၌ ကွန်မြူနစ်ပါတီကသာ တရုတ်နို်ငငံ တည်ငြိမ်ရေးကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ပါတီနှင့် နိုင်ငံကို ခွဲခြားရန် လုပ်ဆောင်မှုများ အောင်မြင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။

“ကွန်မြူနစ်ပါတီမရှိဘဲနဲ့ တရုတ်နိုင်ငံသစ် ရှိလာမှာမဟုတ်ပါဘူး” ဟု လက်ခုတ်ဩဘာဆူညံစွာ ပေးခဲ့သည့် ပရိသတ်များကို ရှီက ပြောကြားသည်။

ယင်းအခမ်းအနားတွင် မျိုးချစ်စိတ် ရှင်သန်ရေး သီချင်းများ၊ တာဝန်ရှိသူတို့၏ မိန့်ခွန်းများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ လေတပ်ကလည်း ကောင်းကင်မှ လေယာဉ်များဝဲပျံကာ ဆင်နွှဲခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly