ယဉ်ကျေးမှုပျက်အောင်လုပ်နေသည့် တရုတ်ကို အရေးယူရန် တိဘက်က ကုလကို တောင်းဆို

By Tibet Press
02 July 2021
ယဉ်ကျေးမှုပျက်အောင်လုပ်နေသည့် တရုတ်ကို အရေးယူရန် တိဘက်က ကုလကို တောင်းဆို

တရုတ်က တိဘက်ယဉ်ကျေးမှုပျက်တုံးအောင်ပြုလုပ်နေသော်လည်း လူ့အခွင့်အရေးချိုးဖောက်ခြင်း မရှိဟုဆိုကာ တရုတ်က ၎င်းတို့ကိုယ်တိုင် ကာကွယ်ပြောဆိုနေပြီး တိဘက်ဘာသာရေး ယုံကြည်မှုများနှင့် ဓလေ့ထုံးတမ်းစဉ်လာများ ကို တရုတ်က စဉ်ဆက်မပြတ်ဝင်ရောက်စွက်ဖက်မှုများကို ရပ်တန့် အောင်ပြုလုပ်ပေးရန် ဆွစ်ဇာလန်နှင့် လက်ချင်စတိန်းနိုင်ငံရှိ တိဘက်အသိုင်းအဝိုင်းက ကုလသမဂ္ဂသို့ အချက် ၅ ပါ အသနားခံစာကို တင်သွင်းပြီး တောင်းဆိုခဲ့သည်။

တိဘက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဆယ်စုနှစ်များစွာဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးပျက်ယွင်း နေခြင်းကို ဆန့်ကျင့်သည့်အနေဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများရွက်ဆိုရင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရှေ့တွင် တိဘက်များက ဇွန်လ ၂၅ရက်တွင် ဆန္ဒပြခဲ့ကြောင်း တိဘက်ဗဟိုအစိုးရ(CTA) က ဆိုသည်။

တိဘက်အစီအစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် တင်ပြရန် တိဘက်ဗျူရို၏ ကြိုးပမ်းမှုများကို တိဘက်ဗျူရို၏ ဂျီနီဗာဆိုင်ရာ ကိုယ်စားလှယ် ချီဟီမေး ရစ်ဇန်က ထပ်မံပြောကြားခဲ့သည်။

တိဘက်များသည် သဘာဝဘေးအန္တရာယ်များကြောင့်မဟုတ်ဘဲ နိုင်ငံရေးအရအခြေအနေအရ နိုင်ငံမှ ထွက်ခွာနေရသဖြင့် တိဘက်များ၏ လွတ်လပ်ရေးလှုပ်ရှားမှုတွင် တာဝန်ယူ ပါဝင်ရန် ကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

ငြိမ်းချမ်းစွာ အဖြေရရှိချိန်အထိ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် တရားမျှတမှုလှုပ်ရှားမှုများက ဆက်လက် ရှင်သန်နေသင့်ကြောင်း ကိုယ်စားလှယ် ချီဟီမေး ရစ်ဇန်က ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် တိဘက်ဗျူရို ဂျီနီဗာဝန်ထမ်း ခယ်ဒန်ဆိုမိုနှင့်အတူ တိဘက်အသိုင်းအဝိုင်း၏ ဥက္ကဌ ခါမာချိုကြည်သည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်တစ် ဦး နှင့် တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ်ဘိချ်လက်ထံလိပ်မူထားသည့် စာမျက်နှာလေးမျက်နှာပါ အသနားခံဝင်စာကို တင်ပြခဲ့ကြောင်း CTA က ဖော်ပြခဲ့သည်။

တိဘက်အရေးနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခြင်းကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင် ပြောဆိုရန်နှင့် တိဘက်၌ဖြစ်ပွားနေသောယဉ်ကျေးမှုပျက်တုံးရေးလုပ်ဆောင်နေသည်ကို ရပ်တန့်ရေးအတွက် တရုတ်အား တိုက်တွန်းသွားရန် အသနားခံဝင်စာတွင် ကုလသမဂ္ဂအား တောင်းဆိုခဲ့သည်။

တိဘက်လှည့်လည်သွားလာနေသူများကို အခြေတကျနေထိုင်ရန်နှင့် စစ်တပ်ပုံစံအဓမ္မလုပ်အားစေခိုင်းမှု စခန်းများတွင် အတင်းအဓမ္မပြန်လည်နေရာချထားမှုကို ရပ်တန့်ရန် တရုတ်ကို တိဘက်အသိုင်းအဝိုင်းက တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly