တရုတ်က ဝီဂါများအား နှိပ်ကွပ်နေမှုကို ပါကစ္စတန် ထောက်ခံနေ

တရုတ်က ဝီဂါများအား နှိပ်ကွပ်နေမှုကို ပါကစ္စတန် ထောက်ခံနေ

မကြာသေးမီနှစ်များအတွင်း နယ်စပ်အနီးရှိ တရုတ်၏ လုပ်ဆောင်မှုများကို ပါကစ္စတန်က ထောက်ခံရခြင်းမှာ တောင်အာရှဂျီဟတ်ဝါဒီများနှင့် ဆက်စပ်သည့် ဝီဂါစစ်သွေးကြွများအပေါ် အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး လှုပ်ရှားမှုများကြောင့်ဖြစ်သော်လည်း ယခုအခါ တရုတ်အစိုးရ၏ တောင်းဆိုချက်အရ တစ်ဦးတစ်ယောက်ချင်း အပေါ်တွင်ပါ ဖိနှိပ်လာနေသည်။

ခွန်နာခွန်ဒယ်က The Diplomat တွင် ရေးသားခဲ့ရာတွင် အထည်အလိပ်နှင့် ကော်ဇောကုန်သည် အက်ဒူဝီလီ၏ အစ်ကိုဖြစ်သူကို ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းဆိုသည်။

ဝီလီသည် ဝီဂါလူမျိုးဖြစ်ပြီး မိသားစုများဇာတိမှာ တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်၏ ဥရုံမုချီမြို့ရှိ ဒါဘန်ချန်ခရိုင်မှဖြစ်သည်။

အစ်ကိုဖြစ်သူသည် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး တရုတ်နှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးတွင် တရားမဝင် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် အရှေ့တာကစ္စတန်အစ္စလာမ်လှုပ်ရှားမှု (ETIM) ၏ အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲခံခဲ့ရသည်။

ရှင်ကျန်းပြည်နယ်မှ ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသရှိ ဂယ်ဂစ်-ဘော့တစ်ဆန်သို့ ပြောင်းရွှေ့လာ သူတစ်ဦး၏ သားဖြစ်သူ ဝီလီ၏ သူငယ်ချင်း အေဘရာဟမ်အာမက်ကလည်း တရုတ်၏ သြဇာကြီးမားလာခြင်း ကြောင့်

ပါကစ္စတန် ဝီဂါအသိုင်းအဝိုင်းသည် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ ကိုယ်ပိုင် လက္ခဏာများ ပိုမိုနှိမ်နင်းခံနေရသည်ဟု ပြောကြားခဲ့သည်။

“ အလုပ်ကိစ္စအတွက် ပါကစ္စတန်အနှံ့ခရီးသွားခဲ့တယ်။ တရုတ်က တိုင်းပြည်ကို သိမ်းပိုက်လိုက်ပြီ။ ဂယ်ဂစ်မှာ မိသားစုဝင်အတော်များများက အမျိုးသားတွေကို ပါကစ္စတန်ရဲ့ တခြားဒေသတွေနဲ့ နိုင်ငံရပ်ခြားကို ထွက်သွားဖို့တောင် ပြောနေကြပါပြီ။ ကျွန်တော်တို့ ဆယ်စုနှစ်နဲ့ ချီနေထိုင်လာခဲ့တဲ့ ဂယ်ဂစ်မှာ ဝီဂါတွေ မရှိအောင် တရုတ်က လုပ်နေပါတယ်။ "ဟု အာမက်က Diplomat ကို ပြောကြားခဲ့သည်။

ဂယ်ဂစ်-ဘော့တစ်ဆန်ဒေသသည် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံ ကုန်ကျမည့် တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) ၏ တံခါးပေါက်ဖြစ်ပြီး ယင်းသည် တရုတ်၏ အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပိုလမ်းမသစ်စီမံကိန်း (BRI) ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) ကို ပါကစ္စတန်၏ စီးပွားရေးအသက်သွေးကြောဟု ကျယ်ကျယ်ပြန့်ပြန့်ကြေညာခဲ့ပြီး စီမံကိန်းကို စတင်ကတည်းက တရုတ်၏ တောင်းဆိုမှုများကို ပိုမိုလက်ခံလာခဲ့ရသည်။ ယင်းမှာ ယခုတွင် ဝီဂါများအပေါ်ဖိနှိပ်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဘဏ္ဍာရေးအလွဲသုံးစားမှုနှင့် ဆက်စပ်နေသည်ဟု ဆာဟစ်က ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly