တရုတ်က ဆိုက်ဘာအင်အားကို ပုံကြီးချဲ့ထားပြီး အမေရိကန်ထက် အနည်းဆုံး ၁၀နှစ် နောက်ကျနေ

တရုတ်က ဆိုက်ဘာအင်အားကို ပုံကြီးချဲ့ထားပြီး အမေရိကန်ထက် အနည်းဆုံး ၁၀နှစ် နောက်ကျနေ

အမေရိကန်သည် ဆိုက်ဘာစွမ်းရည်ပိုင်ဆိုင်မှုတွင် ထိပ်ဆုံးတွင်ရှိနေသော တစ်ခုတည်းသော ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ပြီး၊ တရုတ်က ရုရှား၊ ပြင်သစ်နှင့် အခြားနိုင်ငံအနည်းငယ်နှင့် အတူ ဒုတိယအုပ်စုတွင် အခိုင်အမာရပ်တည်နေကြောင်း ဗြိတိန်အခြေစိုက် သုခမိန်အဖွဲ့ဖြစ်သော မဟာဗျူဟာလေ့လာမှုများအတွက် အပြည်ပြည်ဆိုင်ရာအင်စတီကျူ (IISS ) က ဇွန်လ ၂၈ရက်က လေ့လာမှုအသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။

IISS ၏ ခန့်မှန်းချက်အရ ဆိုက်ဘာစွမ်းရည်တွင် တရုတ်သည် အမေရိကန်ထက် အနည်းဆုံး ၁၀နှစ်ကျော် နောက်ကျနေပြီး အထူးသဖြင့် လုံခြုံရေးကိစ္စရပ်များတွင်ဖြစ်ကြောင်း ယင်းလေ့လာမှုကို ကိုးကားပြီး The Financial Times က သတင်းဖော်ပြခဲ့သည်။

တရုတ်က ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် သတင်းမှားများထုတ်လွှင့်ခြင်းတို့ကို စိတ်အားထက်သန်စွာ ပြုလုပ်နေသော်လည်း လုံခြုံရေးပိုင်းတွင် အားနည်းကြောင်း အစီရင်ခံစာကဆိုသည်။

AI နှင့်အခြားဆိုက်ဘာစွမ်းရည်များတွင် တရားဝင်အားသာချက်များရှိခြင်းကြောင့် တရုတ်၏ ဆိုက်ဘာစွမ်းရည်ကို ပုံကြီးချဲ့ကားဖော်ပြနေခြင်းဖြစ်ကြောင်း သုခမိန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂတ်အော်စတင်က The Financial Times သို့ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly