ထိန်းသိမ်းကာကွယ်ထားသည့် ဟိမဝန္တာဥယျာဉ်ကို နီပေါ - တရုတ် မီးရထားလမ်း ဖြတ်သန်းသွားနိုင်

By Just Earth News
01 July 2021
ထိန်းသိမ်းကာကွယ်ထားသည့် ဟိမဝန္တာဥယျာဉ်ကို နီပေါ - တရုတ် မီးရထားလမ်း ဖြတ်သန်းသွားနိုင်

တရုတ်နှင့် နီပေါနိုင်ငံကို ချိတ်ဆက်မည့် မီးရထားလမ်းသည် ဟိမဝန္တာတောင်တန်းများရှိ အဓိက ကာကွယ်စောင့်ရှောက်ထားသည့် ဧရိယာကို ဖြတ်သန်းသွားလိမ့်မည်ဟု အကြီးတန်းအင်ဂျင်နီယာတစ်ဦး၏ ပြောကြားမှုကို မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ၈ဘီလီယံ ကုန်ကျမည့် မီးရထားသည် မြောက်ကိုရီးယားပြီးနောက် အာရှ၏ ဒုတိယ အဆင်းရဲဆုံးနိုင်ငံဖြစ်သော နီပေါ၏ စီးပွားရေးကို မြင့်တင်ပေးနိုင်ဖွယ်ရှိသော်လည်း တရုတ်ဥပဒေက သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးဇုန်တွင် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းများကို တားမြစ်ထားကြောင်း The South China Morning Post က သတင်းဖော်ပြထားသည်။

နှစ်နိုင်ငံအကြား ကီလိုမီတာ ၁၀ဝ၀ ကျော်ရှိသော နယ်နိမိတ်အတွင်း ရထားလမ်းကြောင်း ၆ ခုကို အဆိုပြုထားပြီး တရုတ်ကျွမ်းကျင်သူများကြားတွင် မည်သည့်လမ်းကို ရွေးချယ်ရမည်နှင့် ပတ်သက်၍ သဘောထားကွဲလွဲနေကြောင်း သတင်းစာက ဆိုသည်။

အဓိကဆွေးနွေးငြင်းခုံမှုသည် ကမ္ဘာအမြင့်ဆုံးဧဝရတ်တောင်တည်ရှိသော ကွီမိုလန်မာ အမျိုးသား ဥယျာဉ်တောင်၏ အဓိက ကာကွယ်စောင့်ရှောက်ရေးဇုန်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေခြင်းဖြစ် ကြောင်း သတင်းစာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly