ကလေးများကို အကြမ်းဖက်နှင့် ဆက်စပ်လုပ်ငန်းများအတွက် ပိုမိုအသုံးချလာခြင်းအပေါ် စိုးရိမ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကလေးများကို အကြမ်းဖက်နှင့် ဆက်စပ်လုပ်ငန်းများအတွက် ပိုမိုအသုံးချလာခြင်းအပေါ် စိုးရိမ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ကလေးငယ်များကို အကြမ်းဖက်နှင် ဆက်စပ်လုပ်ငန်းများအတွက် ပိုမိုခေါ်ယူ အသုံးချလာခြင်းကို စိုးရိမ်ကြောင်း အိနိ္ဒိယနိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ်ဗာဒန် ရှရင်ဂလာက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့ပြီး ကလေးငယ်များအား ကာကွယ်ရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အကြမ်းဖက်အဖွဲ့အစည်းများ လှုပ်ရှားနေသည့် နယ်မြေဒေသအသီးသီးမှ အစိုးရများအနေဖြင့် ၎င်းတို့ကို အရေးယူနိုင်ရန် ပိုမိုတာဝန်ယူ၍ ရိုးသားစွာ လုပ်ဆောင်ကြရန် လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဆင့်မြင့်အရာရှိများ၏ ဇွန် ၂၈ ရက် ညနေပိုင်းက အွန်လိုင်းမှတစ်ဆင့် သဘောထားတင်ပြသည့် ကလေးသူငယ်များနှင့် လက်နက်ကိုင် တိုက်ပွဲများအကြောင်း ဆွေးနွေးပွဲတွင် ရှရင်ဂလာက ကိုဗစ်-၁၉ ကပ်ရောဂါသည် လက်နက်ကိုင် တိုက်ပွဲများအတွင်း ကလေးငယ်များကို ပိုမိုထိခိုက်လာစေကြောင်း၊ ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကိစ္စများကို အဟန့်အတား ဖြစ်စေကြောင်း ပြောကြားသည်။

“အကြမ်းဖက်လုပ်ငန်းအတွက် ခိုင်းစေခြင်း၊ ဖမ်းဆီးခြင်းတို့ဖြင့် ကလေးသူများအပေါ် ပြစ်မှုများ ကျူးလွန်နေပါတယ်။ ဒါကြောင့် ကိုဗစ် ကပ်ရောဂါ တုံ့ပြန် ထိန်းချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေး

အစီအစဉ်တွေမှာ ကလေးသူငယ်များ ကာကွယ်ရေး အစီအစဉ်ကို ထည့်သွင်းဖို့ လိုပါတယ်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required