ပြည်ပရောက် ဝီဂါများကို ပစ်မှတ်ထားရန် တရုတ်က ဘဏ္ဍာရေးအင်အားကို အသုံးပြုနေ

ပြည်ပရောက် ဝီဂါများကို ပစ်မှတ်ထားရန် တရုတ်က ဘဏ္ဍာရေးအင်အားကို အသုံးပြုနေ

အာရှနှင့် အရှေ့အလယ်ပိုင်းနေရာအနှံ့အပြားတွင် နေထိုင်နေကြသော ဝီဂါမွတ်စလင်များအား ပစ်မှတ်ထားဖိနှိပ်ရန် တရုတ်က မကြုံစဖူးသော စီးပွားရေးသြဇာကို အသုံးပြုနေသည်ဟု အသစ်ထွက်ပေါ်လာသည့် အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

တရုတ်အစိုးရက ရှင်ကျင်းပြည်နယ်တွင် ဖိနှိပ်မှုများပြုလုပ်နေပြီး မကြာသေးမီနှစ်များအတွင်း လူပေါင်း ၁ သန်းကျော်ကို အလုပ်ကြမ်းစခန်းများတွင် ထိန်းသိမ်းထားသည်ဟု ယူဆနေခြင်းက နိုင်ငံရပ်ခြားတွင် နေထိုင်သော ဝီဂါများကို ထိန်းချုပ်ရန် ကြိုးပမ်းပမ်းမှုများနှင့် တိုက်ဆိုင်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်မှ စတင်၍ နိုင်ငံရပ်ခြားရှိ ဝီဂါလူမျိုးများအား ပစ်မှတ်ထားသော အချက်အလက်များအရ ဗဟိုအာရှရေးရာဆိုင်ရာ Oxus လူ့အဖွဲ့အစည်းနှင့် ဝီဂါလူ့အခွင့်အရေးစီမံကိန်းမှ သုတေသီများက ထိန်းသိမ်းခံရခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်ပေါင်း ၁၅၀ဝ ကျော်ကို ဆန်းစစ်လေ့လာခဲ့ပြီး နောက် အဆိုပါ ဖြစ်စဉ်များသည် ကိစ္စရပ်တစ်ခုလုံး၏ အစပင်ရှိသေးကြောင်း သတိပေးခဲ့သည်။

ယင်းလုပ်ရပ်နှင့် ဆက်စပ်သည့် အနည်းဆုံးနိုင်ငံပေါင်း ၂၈ နိုင်ငံရှိရာတွင် အများစုသည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် တောင်အာရှတို့မှ ဖြစ်ပြီးကာ ဖြစ်ရပ်များသည် ၂၀၁၇ ခုနှစ်မှစ၍ သိသိသာသာမြင့်တက်လာခဲ့သည်။

“အဆင့်မြင့်နည်းပညာသုံး စောင့်ကြည့်စနစ်ကို အကောင်အထည်ဖော်နေတဲ့ ရှင်ကျန်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်” ဟု Oxus Society မှ သုတေသနဒါရိုက်တာ ဘဒက်လေး ဂျာဒင်းက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ထွက်ရှိလိုက်သည့် No Space Left to Run အမည်ရှိ အစီရင်ခံစာတွင် အနောက်နိုင်ငံများအနေဖြင့် ဝီဂါဒုက္ခသည်များကို ပိုမိုလက်ခံရန်နှင့် စောင့်ကြည့်သည့် နည်းပညာတင်ပို့မှုကို ပိုမိုစည်းမျဉ်းများချမှတ်ရန် တောင်းဆိုခဲ့သည်။

“"နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများကို ရပ်တန့်ခြင်းသည် ကျင့်ဝတ်ပိုင်းတွင် အရေးကြီးသည်ု" ဟအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဝီဂါ ကွန်ဂရက်၏ အဆိုအရ ဝီဂါလူမျိုး ၁ သန်းမှ ၁ ဒသမ၆ သန်းခန့်သည် တရုတ်နိုင်ငံပြင်ပတွင်နေထိုင်ကြပြီး အများအားဖြင့် အာရှအလယ်ပိုင်းနှင့် တူရကီတွင် နေထိုင်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly