အသေးစား သတင်းစာ ပိတ်သိမ်းခြင်းကြောင့် ဟောင်ကောင်တွင် လွတ်လပ်ခွင့်အတွက် စိုးရိမ်ခြင်းကို တရုတ် အစိုးရ လက်မခံ

အသေးစား သတင်းစာ ပိတ်သိမ်းခြင်းကြောင့် ဟောင်ကောင်တွင် လွတ်လပ်ခွင့်အတွက် စိုးရိမ်ခြင်းကို တရုတ် အစိုးရ လက်မခံ

ဟောင်ကောင်တွင် Apple Daily သတင်းစာပိတ်သိမ်းခြင်းက တရုတ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကို ဖော်ပြနေခြင်းဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ မှတ်ချက်များကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချလိုက်သည်။

ဇွန်လ ၁၈ရက်တွင်လည်း အရာရှိနှစ်ဦးကို ရာထူးတိုးမြှင့်ခြင်းကို အတည်ပြုခဲ့သည့် လုပ်ရပ်သည် ဟောင်ကောင်တွင် တရုတ်အစိုးရ၏ ချုပ်ကိုင်မှုကို ပိုမိုတင်းကျပ်ရန်ဖြစ်ကြောင်း ဝေဖန်သူများက ဆိုသည်။

ဟောင်ကောင်လုံခြုံရေးအတွင်းရေးမှူး ဂျွန်လီအား လုံခြုံရေးအကြီးအကဲအဖြစ်ခန့်အပ်ခဲ့ခြင်းက ၁၉၉၇ ခုနှစ်တွင်ဗြိတိန်ထံမှ တရုတ်က အုပ်ချုပ်မှုကို လွှဲပြောင်းယူချိန်မှစပြီး လုံခြုံရေးကိစ္စကို ကိုင်တွယ်သူ လုံခြုံရေးအတွင်းရေးမှူးတစ်ယောက်က ပထမဦးဆုံးအကြိမ် ဟောင်ကောင်တွင် ဒုတိယအကြီးဆုံးရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။

Apple Daily သတင်းစာရပ်ဆိုင်းသွားခြင်းသည် မီဒီယာလွတ်လပ်ခွင့်အတွက်ဝမ်းနည်းဖွယ်ရာနေ့ တစ်နေ့ ဖြစ်ကြောင်း သမ္မတဘိုင်ဒင်က ဇွန်လ ၁၈ရက်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစင်တာဖြစ်သော ဟောင်ကောင်တွင် လွတ်လပ်ခွင့်များကို ထပ်မံတင်းကြပ်မည်ကို စိုးရိမ်ကြောင်း အခြားနိုင်ငံခြားအရာရှိများကလည်း ပြောကြားခဲ့သည်။

ဒီမိုကရေစီလိုလားသောရေးသားချက်များကို နာမည်ကြီးသူများ၏ အတင်းအဖျင်းများနှင့် ရောနှောခြင်းနှင့် အာဏာရှိသူများအား စုံစမ်းစစ်ဆေးမှုများကြောင့် Apple Daily သည် တရုတ်အစိုးရအတွက် မျက်စိစပါးမွှေးစူးစရာဖြစ်ခဲ့သည်။ ကုမ္ပဏီ၏ ရန်ပုံငွေများကို အာဏာပိုင်များက ထိန်းချုပ်ပြီးနောက် ၂၆ နှစ်တာ သတင်းစာထုတ်ဝေခဲ့သည့်ကာလ အဆုံးသတ်ခဲ့ရသည်။

၂၀၁၉ ခုနှစ် ဒီမိုကရေစီတောင်းဆို ဆန္ဒပြမှုများကို တုံ့ပြန်သည့်အနေဖြင့် အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ်တွင် ပြဌာန်းလိုက်ပြီးနောက် သတင်းစာကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

သစ္စာရှိသော စာဖတ်ပရိသတ်အများအပြားသည် နောက်ဆုံးနေ့ သတင်းစာကို ဖတ်နိုင်ရန် စီတန်း၍ ဝယ်ယူခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly