ထီးချိုင့်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ‌၁၄ ဦးထက်မနည်းကျ‌ဆုံး 

ထီးချိုင့်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ‌၁၄ ဦးထက်မနည်းကျ‌ဆုံး 

ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တိုက်ပွဲတွင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၁၄ ဦးထက်မနည်းကျ‌ဆုံးခဲ့၍ ၇ ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထီးချိုင့်မြို့)မှ ဇွန်လ ၂၇ရက် ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဇွန်လ ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ထီးချိုင့်မြို့နယ် ၊ မော်ကွန်းတောင်ရိုး လမ်းပိုင်းတွင် မောင်းနှင်လာသည့် စစ်ကောင်စီကားယာဉ်တန်း ၃ စီးအား ကေအိုင်‌အေမဟာမိတ်တပ်များနှင့်အတူ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)မှ သုံးမိနစ်ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

ကေအိုင်အေမဟာမိတ်တပ်များနှင့်ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးဘက်မှ အထိအခိုက် အကျအဆုံး လုံးဝမရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ပြီးခဲ့သည့်ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတစ်ဦး ကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ထိုသို့အကြမ်းဖက်ပစ်သတ်ခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ​အနေဖြင့် အကြမ်းဖက်လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့်မြို့)မှ ဇွန်လ ၂၄ ရက်က သတိပေးကြေညာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required