ကသာမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၃၀ ခန့် သေဆုံး

ကသာမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၃၀ ခန့် သေဆုံး

ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ‌၃၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ကသာ မှ ဒီကနေ့ ဇွန်လ ၂၈ရက်မှာ ထုတ်ပြန်ကြေညာပါသည်။ 

ဇွန်လ ၂၄ ရက် ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်းကျေးရွာအနီးတွင် စစ်အုပ်စုတပ်တွေနဲ့ ကေအိုင်‌အေမဟာမိတ်တပ်များနှင့်အတူ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)မှ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။ 

ကေအိုင်အေမဟာမိတ်တပ်များနှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

ကသာမြို့နယ်တွင် မတရားဖမ်းဆီးခံရသူ (၁၉)ဉီးနှင့် သေဆုံးသူ(၅) ဉီးရှိပြီဖြစ်သောကြောင့် စစ်အုပ်စုတွေနှင့် ၎င်းတို့၏မိသားစုဝင်များအား အလှည့်ကျရင်မနွဲ့ကြစတမ်း ခံနိုင်အောင်ပြင်ဆင်ထားကြပါဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသာက သတိပေးထားသည်။
ဇွန်လ ၂၆ရက်က ဖြစ်ပွါးခဲ့တဲ့ ထီးချိုင့်မြို့နယ်တိုက်ပွဲမှာလဲ စစ်အုပ်စုဘက်က ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly