စပိန်ဆန့်ကျင်သူများက မက်ဒရစ်တွင် ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

စပိန်ဆန့်ကျင်သူများက မက်ဒရစ်တွင် ဘုရင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြ

မက်ဒရစ်၊ ဒီဇင်ဘာ - ၇ ။           ။ ဘုရင်စနစ် ဖျက်သိမ်းရေး လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေချိန်တွင် ဘုရင်စနစ်ကို အဆုံးသတ်ရန် တောင်းဆိုနေကြသည့် ဆန့်ကျင်သူများက စပိန်မြို့တော် မက်ဒရစ်၏ လမ်းများပေါ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

၁၉၇၈ က စပိန်ဖွဲ့စည်းပုံဥပဒေကို လက်မှတ်ရေးထိုးခဲ့သည့် နှစ်ပတ်လည်အခါသမယတွင် ရာပေါင်းများစွာသော စပိန်လူမျိုးများက ဘုရင်စနစ်အပေါ် ၎င်းတို့၏ မကျေနပ်မှုကို ပြသရန်အတွက် ဒီဇင်ဘာ ၆ရက်နေ့တွင် မက်ဒရစ်မြို့တော်၏ လမ်းများပေါ်သို့ ထွက်ပေါ်လာခဲ့ကြသည်။

ဆန္ဒပြပွဲတွင် မတူခြားနားသော နိုင်ငံရေးအုပ်စုများ ပါဝင်လာကြရာ ယင်းတို့အထဲတွင် Popular Union Partyကို ထောက်ခံသူများနှင့် ကွန်မြူနစ်ပါတီကို ထောက်ခံသူများလည်း ပါဝင်ကြသည်။

Plaza de Cibeles မှ Puerta de Sol သို့ ချီတက်ရာ လမ်းတစ်လျှောက်တွင် ဆန္ဒပြသူများက သမ္မတနိုင်ငံအလံများကို ဝှေ့ယမ်း၍ ‘တတိယသမ္မတ နိုင်ငံတော်အတွက်’၊ ၇၈ ဘုရင်စနစ်ဖွဲ့စည်းပုံ အလိုမရှိ’ဟု ရေးသားထားသည့် ကြွေးကြော်သံဆိုင်းဘုတ်ကြီးများကို ကိုင်ဆောင်ထားကြသည်ဟု ဆိုသည်။

ဆန့်ကျင်ဆန္ဒပြသူများက စပိန်နိုင်ငံသားများက ဘုရင်စနစ်ကို လိုလားသည် မလိုလားသည်ကို ဆုံးဖြတ်ရေး မဲဆန္ဒခံယူပွဲကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။

စပိန်သတင်းစာ El Mundo က ၂၀၁၄ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် မဲစစ်တမ်းအရ စပိန်နိုင်ငံသားများ၏ တစ်ဝက်လျော့လျော့ ၄၁ရာခိုင်နှုန်းကသာလျှင် ဘုရင်စနစ်ကို ထောက်ခံကြသည်ဟု ဆိုသည်။

ဖွဲ့စည်းပုံကို လက်မှတ်ထိုးမှုမှာ စပိန်နိုင်ငံ ဒီမိုကရေစီစနစ်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ တော်ဝင်မိသားစုမှာ သင်္ကေတပြယုဂ်အနေဖြင့် ဆက်ရှိနေဦးမည့် အထိမ်းအမှတ်ပင်ဖြစ်သည်။

သို့ရာတွင် မကြာသေးမီနှစ်များအတွင်း တော်ဝင်မိသားစုမှာ ခြစားမှုအရှုပ်တော်ပုံ တသီတတန်းကြီးနှင့် ဂုဏ်သိက္ခာ ညှိုးမှိန်လာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly