သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်ရှိ မီတာရုံးရှေ့ဗုံးပေါက်ကွဲ

သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်ရှိ မီတာရုံးရှေ့ဗုံးပေါက်ကွဲ

ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်ရှိ လျှပ်စစ်မီတာရုံးမှာ ဒီကနေ့ည ၉ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်းဒေသခံတွေကပြောပါတယ်။

"  ဇိနတ်မာန်အောင်ဘုရားနား သာကေတမီတာရုံးထိပ်ပါ။ ဖြစ်ဖြစ်ချင်း မီးခိုးတွေထွက်နေတယ်။ မီးလည်းလောင်နေတယ်ထင်တယ်။ ထူပါရုံဘက်မှာလဲ ကွဲတယ်ကြားပေမယ့် အဲ့ဘက်ကတော့ သေသေချာချာမသိရသေးဘူး " လို့ ဒေသခံတစ်ယောက်ကဆိုပါတယ်။

ဒီကနေ့ညနေပိုင်းကလည်း အဲ့ဒီ့မီတာရုံးရှေ့ပေါက်ကွဲမှုဖြစ်ခဲ့သေးပြီး အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

လက်ရှိအချိန် မြင်တော်သာလမ်းမပေါ် စစ်ကောင်စီတပ်တွေရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

အထိအခိုက် အပျက်အဆီးနဲ့ လူထိခိုက်မှုရှိ/ မရှိကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ ညနေပိုင်းကပဲ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ထဲက ဘုရင့်နောက်တံတားအနား ပေါက်ကွဲမှုတွေဖြစ်လို့ စစ်အုပ်စုဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly