ဘုရင့်နောင်တံတားအနီး စစ်ကောင်စီတပ်တွေရပ်ကွက်တွေအထိ ဝင်ရောက်ပစ်ခတ်

ဘုရင့်နောင်တံတားအနီး စစ်ကောင်စီတပ်တွေရပ်ကွက်တွေအထိ ဝင်ရောက်ပစ်ခတ်

ဇွန် ၂၇

မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရပ်ကွက်တွေအထဲ ဝင်ရောက်ပစ်ခတ်နေကြတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်ကနေ ၃ နာရီကျော်အထိ အနည်းဆုံး အချက် (၅၀) ကျော် လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။

“ ပေါက်ကွဲသံအကျယ်ကြီးနှစ်ချက်လည်းထွက်လာတယ်။ စကစ တွေဘက်ကတော်တော်ထိသွားတယ်ပြောတယ်။ ပေါက်ကွဲတဲ့ လ.ဝ.က ရုံးနားမှာသူတို့ တပ်စွဲနေတာ” လို့ မျက်မြင်တွေ့သူတစ်ယောက်ဆိုပါတယ်။ အကြောင်းအရင်း အသေးစိတ်ကို မဇ္ဈိမကဆက်လက်စုံစမ်းနေပါတယ်။ 
အလားတူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာလည်း ဒီကနေ့ ဗုံးများပေါက်ကွဲမှုတွေဖြစ်ပွားကြောင်း ဒေသခံတွေကပြောဆိုနေကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly