ဇွန် ၂၆
စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ ဦးညိုအေး ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေထံကသိရပါတယ်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံမြို့သစ် (စ) ရပ်ကွက်၊၅၇-၅၈ လမ်းကြား၊ ၁၂၄ လမ်းတွင် ဇွန်လ ၂၆ ရက် နံနက် ၈ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ ဦးညိုအေး ဓါးဖြင့် ထိုးသတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။
"မနက်ပိုင်းလောက်မှာ သူဓါးနဲ့အထိုးခံရတာပါ၊ တစ်ခါတည်းသေသွားတာဗျ၊ ဘာလို့လဲဆိုတော့ သူ့ဗိုက်မှာ ထားနဲ့ထိုးပြီး မွှေသွားတဲ့ပုံစံမျိုး၊ အူတွေတောင်တွေ့ရတယ်၊ သတင်းပေးဒလန်တစ်ဦးလို့တော့သိရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်သားတွေ ရောက်လာကြပြီး စစ်ဆေးတာတွေပြုလုပ်ပြီး သေနတ် သုံးချက်ဖောက်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။