ကျောက်တန်းက စစ်အုပ်စုခန့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ကျောက်တန်းက စစ်အုပ်စုခန့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်က စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ကို သေနတ်ကိုင် လူနှစ်ဦးက ဒီကနေ့ ဇွန်လ ၂၅ ရက် ညနေ ၄ နာရီအချိန်က ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေစဉ် အသက် ၄၀ကျော်အရွယ် ဦးသန်းဇော်အပါအဝင် လူသုံးဦးကို သေနတ်ကိုင် လူနှစ်ဦးက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ဦးသန်းဇော်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

“အခု သေနတ်နဲ့ ပစ်သတ်ခံရလို့ သေတဲ့ အုပ်ချုပ်ရေးမှူးက လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ဓားနဲ့ထိုးခံရသေးတယ်၊ သုံးယောက်ပစ်ခံရတာ ကို နှစ်ယောက်သေတယ်လို့လဲ ပြောနေကြတယ်” လို့ ဒေသခံက ပြောပါတယ်။

လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချပြီး စစ်အုပ်စုကအစားထိုးအသစ်ခန့်အပ်ထားသူတွေကို ဒလန်အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့မှာ မကြာခန ဖြစ်ပေါ်နေတာပါ။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် အာဏာသိမ်းစစ်အုပ်စုက တစ်ဦးကိုကျပ်ငါးသိန်းစီ သတ်မှတ်ကာ မိသာစုတွေကို ပေးနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly