တာဇန်းနီးယားနိုင်ငံသားတစ်ဦးကို အိန္ဒိယတွင် ဘိန်းဖြူ ၃ ကီလိုဂရမ်ဖြင့် ဖမ်းမိ

တာဇန်းနီးယားနိုင်ငံသားတစ်ဦးကို အိန္ဒိယတွင် ဘိန်းဖြူ ၃ ကီလိုဂရမ်ဖြင့် ဖမ်းမိ

တာဇန်းနီးယား နိုင်ငံသားတစ်ဦးကို ရာဂျစ်ဂန္ဓီ နိုင်ငံတကာလေဆိပ် (RGIA) တွင် ဘဏ္ဍာရေးထောက်လှမ်းမှု ဦးစီးဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ရူပီး ၁၉ ဒသမ ၅ ကုဋေတန်ဖိုးရှိ ဘိန်းဖြူများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တာဇန်းနီးယားနိုင်ငံသားသည် ဂျိုဟန်နတ်စ်ဘာ့ချ်မှ ဒိုဟာသို့ ဖြတ်ကာ ရာဂျစ်ဂန္ဓီ လေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၎င်းသယ်ဆောင်လာသည့် ခရီးဆောင်အိတ်ကို အသေးစိတ် စစ်ဆေးရာတွင် ဘိန်းဖြူ ၃ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီးနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးဝါးများ ဥပဒေဖြင့် အရေးယူထားသလို စုံစမ်းမှုများကိုလည်း ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly