ပါဝါအပျော့မြှင့်တင်နေသည်ဆိုသော တရုတ်က အာဖရိကတွင် သြဇာလွှမ်းမိုး်နိုင်ရန် ကြိုးပမ်းနေ

ပါဝါအပျော့မြှင့်တင်နေသည်ဆိုသော တရုတ်က အာဖရိကတွင် သြဇာလွှမ်းမိုး်နိုင်ရန် ကြိုးပမ်းနေ

သမ္မတရှီကျင့်ဖျင်က အာဖရိကတွင် ပါဝါအပျော့ကိုမြှင့်တင်နေကြောင်း အခိုင်အမာ ပြောကြားနေ သော်လည်း တရုတ် အစိုးရသည် ပုံရိပ်ကောင်းတစ်ခုကို တည်ဆောက်ရန်နှင့် သြဇာလွှမ်းမိုးပြီး ထိန်းချုပ်နိုင်မှု ခိုင်မာစေရန် ပြင်းထန်သောရည်ရွယ်ချက်များဖြင့် မဟာဗျူဟာကျသည့် လုပ်ဆောင်ချက်များနှင့် ဝါဒဖြန့်မှုများကို အကြီးအကျယ်လုပ်ဆောင်နေသည်။

တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ဝါဒဖြန့်ချိမှုနည်းလမ်းများအပါအဝင် ပါဝါအပျော့ကို တိုးမြှင့်အသုံးပြု လာသလို ၎င်း၏ အပြုသဘောပုံရိပ်ကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ်ပုံဖော်ကာ ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် မဟာဗျူဟာကို ကျင့်သုံးနေသည်ဟု National Review တွင်း ကျန်းလီယန်၏ ရေးသားမှုအပေါ် ဝေဖန်မှုများခံနေရသည်။

မီဒီယာများတွင်ပိုမို ရင်းနှီးမြှုပ်နှံလာခြင်း၊ ကွန်ဖြူရှပ်အင်စတီကျူအရေအတွက် များပြားလာခြင်း၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကျင်းပခြင်းနှင့် ပညာသင်ဆုများကို ရက်ရက်ရောရောပေးခြင်းတို့ဖြင့် တရုတ်က အာဖရိကတွင် အခိုင်အမာခြေကုပ်ယူရန်ကြိုးပမ်းနေသည်။

မကြာသေးမီက ကွမ်ကျိုးမြို့တွင် အာဖရိကသားများကို ဆိုးရွာစွာ ဆက်ဆံမှုများကဲ့သို့သော အဖြစ်အပျက် များကြောင့်လည်း အာဖရိကဒေသခံများကြားတွင် ရွှေ့ပြောင်း တရုတ်လူမျိုးများအပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်မှုမရှိသောကြောင့် တရုတ်နှင့် အာဖရိကသားများအကြား အပြန်အလှန်နားလည်ဆက်ဆံရေးမှာ ကန့်သတ်ချက်များရှိနေသည်။

National Review အရ အနောက်နိုင်ငံမီဒီယာများက အာဖရိကမှ အကြီးအကျယ်ဆုတ်ခွာနေစဉ် တရုတ်မီဒီယာများသည် အာဖရိကတွင် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်နေပြီဖြစ်သည်။

တရုတ်အစိုးရက ဒေသတွင်းအားကစားဈေးကွက်များကို ထိန်းချုပ်ရန်နှင့် အာဖရိကရှိ အဓိကအားကစားပွဲများ သို့ ဝင်ရောက်ထိုးဖောက်နိုင်ရန် ယင်း၏ အိပ်မက်ကို တက်ကြွစွာ အကောင်အထည်ဖော်နေသည်။ အဆိုပါကနဦးလုပ်ဆောင်ချက်များမှာ သြဇာလွှမ်းမိုးရေးနှင့် စီးပွားရေးအကျိုးအမြတ် နှစ်ခုစလုံး အတွက်ဖြစ်သည်။

တရုတ်၏ အစီအစဉ်မှာ ယင်း၏ အရည်အသွေးနိမ့်သည့် ပြည်တွင်းထုတ်ကုန်များက နိုင်ငံတကာအဆင့်ကုန် အမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းပြသပြီး အာဖရိက ဈေးကွက်အတွင်းသို့ အစုလိုက်အပြုံလိုက် ရောင်းချရေးဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly