ဂျမူးနှင့် ကက်ရှ်မီးယားအရေး ဆွေးနွေးရန် အိန္ဒိယအစိုးရက နို်ငငံရေးသမားများကို ဖိတ်ခေါ်

ဂျမူးနှင့် ကက်ရှ်မီးယားအရေး ဆွေးနွေးရန် အိန္ဒိယအစိုးရက နို်ငငံရေးသမားများကို ဖိတ်ခေါ်

ဒေလီမြို့တွင် ဇွန် ၂၄ ရက်၌ ဂျမူးနှင့် ကက်ရှ်မီးယားအရေးအတွက် ဆွေးနွေးရန် အိနိ္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဝန်ကြီးချုပ်ဟောင်း ၃ ဦးအပါအဝင် နိုင်ငံရေး ခေါင်းဆောင် ၁၄ ဦးထက်မနည်းကို ဖိတ်ကြားထားသည်။

နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်၏ အိမ်တော်တွင် ညနေ ၃ ရာ၌ ကျင်းပရန် စီစဉ်ထားသည့် အစည်းအဝေးကို တက်ရောက်ရန် အမျိုးသား ကွန်ဖရင့် (NC) ဥက္ကဌဖာရုခ်အဗ္ဗူဒူလာ၊ ၎င်း၏ သား အူမားနှင့် PDP ဥက္ကဌ မာဘူလာမက်ဖ်တီတို့ကိုလည်း ပြည်ထဲရေးဝန်ကြီး အာဂျေးကုမာဘာလာက ဖိတ်ကြားလိုက်သည်။

ဝန်ကြီးချုပ်ခေါ်သည့် အစည်းအဝေးသို့ တက်သင့်၊ မသင့်ကို ပါတီအစည်းအဝေးခေါ်ယူ ဆွေးနွေးမည်ဟု NC နှင့် PDP ဥက္ကဌများက ပြောကြားသည်။

“နယူးဒေလီအစည်းအဝေးအတွက် အတိအကျမသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပါတီက နိုင်ငံရေးရာကော်မတီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်သွားပါမယ်” ဟု PDP ဥက္ကဌ မာဘူလာ မူတာဖီက ပြော ကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယား ပြည်နယ်တွင် နိုင်ငံရေးပြဿနာ အဆုံးသတ်နိုင်ရန် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၅ ရက်နောက်ပိုင်း ပထမဆုံး ကျင်းပမည့် အစည်းအဝေးသို့ အမစ်ရှာဟာနှင့် အခြားခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly