တရုတ်၏ လုပ်ဆောင်ချက်ကြောင့် မိုဒီ၏ ‘အိန္ဒိယတွင် ပြုလုပ်သည်’ အစီအစဉ်တွင် ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်

တရုတ်၏ လုပ်ဆောင်ချက်ကြောင့် မိုဒီ၏ ‘အိန္ဒိယတွင် ပြုလုပ်သည်’ အစီအစဉ်တွင် ကာကွယ်ရေးကဏ္ဍကို တိုးမြှင့်

အိနိ္ဒယနိုင်ငံအနေဖြင့် ပြည်ပမှ လက်နက်တင်သွင်းမှုအား တားမြစ်ပိတ်ပင်ခြင်းကြောင့် နိုင်ငံတွင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်မှုရှိလာသလို တရုတ်နှင့် ၁၃ လကြာ နယ်စပ်တင်းမာမှုသည် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ‘အိန္ဒိယတွင် ပြုလုပ်သည်’ လှုံ့ဆော်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လာကြောင်း သက်သေပြနိုင်ခဲ့သည်။

ပြည်တွင်း၌ပင် ဝယ်ယူရမည့် စစ်လက်နက်ပစ္စည်း ၁၀၈ မျိုးစာရင်းကို အိန္ဒိယအစိုးရက ပြီးခဲ့သည့် လအတွင်း ထုတ်ပြန်ခဲ့သလို တိုက်ပွဲဝင် ရိုင်ဖယ်အပါအဝင်၊ ရဟတ်ယာဉ်များနှင့် ရေဒါစနစ်များ အစရှိသည့် ပစ္စည်းအမျိုး ၂၀၀ ကျော်ကိုလည်း ပြည်ပမှ မဝယ်ယူရန် တားမြစ်ခဲ့သည်။ ယမန်နှစ် ဩဂုတ်လအတွင်းက ကန့်သတ်ခဲ့သည့် ပစ္စည်း ၁၀၁ မျိုးသာ ရှိခဲ့သည်။

ယခုတားမြစ်ချက်သည် ၂၀၂၅ ခုနှစ်အထိ သက်ရောက်မည်ဖြစ်သည်။ နိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နေချိန်တွင် ပြည်ပမှ လက်နက်တင်သွင်းမှု တားမြစ်ခြင်းသည် ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်မည်ဟု အစိုးရက မျှော်လင့်ထားသည်။

“တကယ်တော့ အိန္ဒိယ-တရုတ် နယ်စပ် တိုးတက်မှုတွေက အဓိကကျတဲ့ အကြောင်းအရာဖြစ်တယ်။ ဖေဖော်ဝါရီလအတွင်းက ပန်ဂွန်တီစို နယ်စပ်မှာ တိုက်ခိုက်မှုရပ်ဆိုင်းပြီးတဲ့နောက် ပြောပလောက်တဲ့ ပြဿနာမရှိ တော့ပါဘူး။ တင်းမာမှုတွေလျော့ကျအောင် လုပ်ဆောင်နေပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကတော့ အနာဂါတ်မှာ ပုံမှန်ပြန်ဖြစ်လာဖို့ မရှိဘူး” ဟု နယူးဒေလီမြို့ရှိ ဂျဝါဟာလယ်နေရူးတက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေးဌာန ပါမောက္ခ ဆရီခန့်ကွန်ဒါပါလီက ပြောကြားသည်။

နှစ်နို်ငငံ စစ်တပ်များအကြား လာဒါကာဒေသ၌ တင်းမာမှုသည် ယမန်နှစ် မတ်လအတွင်းက စတင်ခဲ့ပြီး ဧပြီလတွင် နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်စလုံး အသေအပျောက်ရှိသည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အိန္ဒိယနှင့် တရုတ် နှစ်ဖက်စလုံးမှ တပ်ဖွဲ့များကို နယ်စပ်မှ ပြန်လည်ရုပ်သိမ်းရန် ဆွေးနွေးမှုများ ပြုလုပ်နေသော် လည်း ဧပြီလအတွင်း ဆွေးနွေးမှုများနောက်ပိုင်း ထိရောက်သည့် လုပ်ဆောင်မှုများ မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly