လုံခြုံရေးတင်းကြပ်ထားတဲ့ ပုသိမ်ခရိုင်ရဲရုံး ဗုံးပစ်ခံရ

လုံခြုံရေးတင်းကြပ်ထားတဲ့ ပုသိမ်ခရိုင်ရဲရုံး ဗုံးပစ်ခံရ
ဓာတ်ပုံ -ပုံဟောင်း

ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကုန်သည်လမ်းမကြီးပေါ်က လုံခြုံရေးတင်းကြပ်ထားတဲ့  ခရိုင်ရဲရုံးဝန်းအတွင်း ဇွန်လ ၂၄ ရက်နေ့  ညနေပိုင်းက ဗုံးပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ညနေ ၆ နာရီ လောက်မှာ ဆိုင်ကယ်နဲ့လူနှစ်ဦးက ခရိုင်ရဲရုံး အမိုးပေါ်ကိုလာရောက်ပစ်တင်သွားရာမှာ အမိုးပေါ်ကို မရောက်ဘဲ ခြံဝန်းထဲကို ကျကာ ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

"မနေ့က ညနေပိုင်း လာပစ်သွားတာဗျ၊ ခေါင်မိုးပေါ်ကိုပစ်တင်တာပါ၊ အထုပ်က အမိုးပေါ်ကိုမရောက်သလို ပေါက်လဲမပေါက်သွားဘူး၊ အဲ့တာကြောင့် ရဲအသိုင်းအဝိုင်းက သတင်းဖုံးထားတာ" လို့ ခရိုင်ရဲရုံးက ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ ဗုံးပေါက်ကွဲမှု ၇ ကြိမ်အထိဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly