သိပ်ဇရပ်မြို့ ထွေအုပ်ရုံးနှင့် အရာရှိဝင်းကြီးအနီးတွင် PDF သိမ်ဇရပ်က လက်လုပ်မိုင်းတစ်လုံး သတိပေးဖောက်ခွဲခဲ့

သိပ်ဇရပ်မြို့ ထွေအုပ်ရုံးနှင့် အရာရှိဝင်းကြီးအနီးတွင် PDF သိမ်ဇရပ်က လက်လုပ်မိုင်းတစ်လုံး သတိပေးဖောက်ခွဲခဲ့

ဇွန် ၂၅

မွန်ပြည်နယ် သိမ်ဇရပ်မြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အရာရှိဝင်းကြီးအနီးတွင် PDF သိမ်ဇရပ်က လက်လုပ်မိုင်းတစ်လုံး သတိပေးဖောက်ခွဲခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂၅ ရက်က ထုတ်ပြန်ပါတယ်။ 

ဒီကနေ့ မနက် ၉ နာရီခန့်က ဖောက်ခွဲမှုကို လုပ်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးမှာ ပြုလုပ်မယ့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေကို အဓိက ရည်ရွယ်ပြီး သတိပေးဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

"အဓိကကတော့ သိမ်ဇရပ်မြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအထိပေါ့။ သူတို့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားကို ဆက်လက်ပြီး လုံးဝအထောက်အကူမပြုဖို့ ပြောချင်ပါတယ်။ ဒါကလည်း သိမ်ဇရပ်မြို့နေလူထုအတွက်၊စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက်ပဲ ဖြစ်ပါတယ်။ဆက်လက် လုပ်ဆောင်နေရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို အရေးယူဆောင်ရွက်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။" လို့ PDF သိမ်ဇရပ်က တာဝန်ရှိသူ တစ်ဦးက မဇ္စျိမကို ပြောပါတယ်။

ပေါက်ကွဲမှုအပြီးမှာ ဖြစ်စဥ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လမ်းသွားလမ်းလာ ပြည်သူတချို့ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်ဇရပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly