ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအတွက် NUG မှကျပ် ၁၃၁ သိန်းအား ချိတ်ဆက်ထောက်ပံ့ခဲ့

ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှ နေရပ်စွန့်ခွာပြည်သူများအတွက် NUG မှကျပ် ၁၃၁ သိန်းအား ချိတ်ဆက်ထောက်ပံ့ခဲ့

ဇွန် ၂၄

 ဧရာဝတီတိုင်းဒေသကြီး ၊ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာမှနေရပ်စွန့်ခွာပြည်သူများအတွက် NUG မှကျပ် ၁၃၁ သိန်းအားချိတ်ဆက်ထောက်ပံ့ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက ယနေ့ ဇွန်လ ၂၄ ရက်တွင်ထုတ်ပြန်ထားသည် ။ 

ပြီးခဲ့သည့်ဇွန်လ ၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်အကြမ်းဖက်သတ်ဖြတ်ခဲ့မှုကြောင့် ကျုံပျော်မြို့နယ်က လူဦးရေ ၁၅၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။

ထို နေရပ်စွန့်ခွာရသည့်ပြည်သူများအတွက် ဩစတြေးလျနိုင်ငံမှ Doctors, Nurses and Friends (DNF) က အဆိုပါထောက်ပံ့ငွေများကို လှုဒါန်းနိုင်ရန် သက်ဆိုင်ရာ မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံသို့ အမျိူးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇွန်လ ၁၄ ရက် တွင် ချိတ်ဆက် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

လက်နက်အင်အားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမရှိသည့် ကျုံပျော်မြို့နယ်ရှိ လှေဆွဲကျေးရွာမှဒေသခံများအား စစ်ကောင်စီမှ စစ်အင်အား အလွန်အကျွံသုံး၍ဖြိူခွင်းဖိနှိပ်ခဲ့ရာ အမျိူးသမီးများ၊ကလေးငယ်များအပါအ၀င် ရွာသား ၈ ဦး ထက်မနည်းသေဆုံးခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly