မန္တလေးက လက်နက်ကိုင်ပစ်ခတ်မှု ဖြစ်စဉ်ဟာ PDF ဘက်က ဥပဒေနဲ့အညီ ကာကွယ်ခုခံတာ လို့ NUGအစိုးရ ထုတ်ပြန်

မန္တလေးက လက်နက်ကိုင်ပစ်ခတ်မှု ဖြစ်စဉ်ဟာ PDF ဘက်က ဥပဒေနဲ့အညီ ကာကွယ်ခုခံတာ လို့ NUGအစိုးရ ထုတ်ပြန်

ဇွန် ၂၄

မန္တလေးက လက်နက်ကိုင် ပစ်ခတ်မှု ဖြစ်စဉ်ဟာ PDF ဘက်က ဥပဒေနဲ့အညီ ကာကွယ်ခုခံဆောင်ရွက်တာဖြစ်တယ်လို့ NUGအစိုးရက ဒီကနေ့ ဇွန်လ ၂၄ရက်က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၂ ရက်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပစ်ခတ်မှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ ဖိနှိပ်ရက်စက်မှုတွေကြောင့် ပြည်သူလူထုက အသက်၊အိုးအိမ်၊စည်းစိမ် ကို ကာကွယ်ဖို့ ပြည်သူလူထုကိုယ်တိုင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်တယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေကိုလည်း တရာဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လဲ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly