အမေရိကန် ဒု-နိုင်ငံခြားရေး၀န်ကြီးနှင့် ကုလသံတမန်တို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး

အမေရိကန် ဒု-နိုင်ငံခြားရေး၀န်ကြီးနှင့် ကုလသံတမန်တို့ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး
Deputy Secretary Sherman’s Meeting with UN Special Envoy on Myanmar Burgener (Photo- Wendy Sherman's twitter)

ဇွန် ၂၃

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ဒု၀န်ကြီး ၀မ်ဒီ ရှားမန်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာ နှင့် ဇွန်လ ၂၂ ရက်က ၀ါရှင်တန်ဒီစီတွင် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အမေရိကန် ဒု-နိုင်ငံခြားရေး၀န်ကြီးနှင့် ကုလအထူးသံတမန်တို့သည် လက်ရှိမြန်မာနိုင်ငံတွင် စစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုတို့ အဆုံးသတ်သွားစေရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ိုင်း၀န်းအားထုတ်ကူညီရေး နှင့်ပတ်သက်၍ ဆွေး‌နွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာစစ်တပ်ဘက်က လိုက်နာဆောင်ရွက်ရေး လုပ်ဆောင်ရန် အာဆီယံကို တိုက်တွန်းကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည် ရောက်ရှိရန် အားထုတ်နေသည့် ပြည်သူများကို အားပေးထောက်ခံကြောင်းလည်း ၎င်းတို့က ဆွေး‌နွေးခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း ခုခံနိုင်စွမ်း အားနည်းနေသော ပြည်သူများအတွက် အရေးကြီးသော လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိစေရေးအတွက် ကြိုးပမ်းအားထုတ်ရန်နှင့် ဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို ကူညီထောက်ပံ့ စောင့်ရှောက်ပေးရေးအတွက် ဒေသတွင်း နိုင်ငံများကို တိုက်တွန်းရေးနှင့်ပတ်သက်၍လည်း အမေရိကန် ဒု-နိုင်ငံခြားရေး၀န်ကြီးနှင့် ကုလအထူးသံတမန်တို့ ဆွေး‌နွေးခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required