အကြမ်းဖက်မှု ရပ်တန့်ဖို့ အမေရိကန်သံရုံးက အရေးပေါ်တောင်းဆို

အကြမ်းဖက်မှု ရပ်တန့်ဖို့ အမေရိကန်သံရုံးက အရေးပေါ်တောင်းဆို

ဇွန် ၂၂

မန္တလေးမြို့မှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း အရပ်သား သေဆုံးတာနဲ့ ထိိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်မက်ရေးရာ တင်းမာနေတာကို စိုးရိမ်ပြီး အကြမ်းဖက်မှု ရပ်တန့်ဖို့ အမေရိကန်သံရုံးက အရေးပေါ်တောင်းဆိုထားပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်အုပ်စုတပ်တွေနဲ့ မန္တလေး PDF တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က  နှစ်ဦးသေဆုံးကာ PDF ဘက်က ခြောက်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေး PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly