မန္တလေးတွင် ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှုများနှင့် သေနတ်သံများနေရာအနှံ့ထွက်ပေါ်

မန္တလေးတွင် ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှုများနှင့် သေနတ်သံများနေရာအနှံ့ထွက်ပေါ်

ဇွန် ၂၂

မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ခွဲတစ်ခုကို စစ်ကောင်စီတပ်တွေဝင်စီးတာကနေ တိုက်ပွဲဖြစ်ပွားပြီးနောက် အနည်းဆုံးနေရာလေးခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး သေနတ်သံများလည်းပေါ်ထွက်လာခဲ့ကြောင်း မြို့ခံများက ပေးပို့လာသောသတင်းများအရသိရသည်။ 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄) လမ်းနှင့် (၃၅) လမ်းထောင့်မီးပွိုင့်၊ ချမ်းအေးသာစံမြို့နယ်က AGD ဘဏ်အနီး၊ အမရပူရမြို့နယ်ကြံ့ခိုင်ရေးမြို့နယ်ရုံး၊ လမ်း (၆၀) နှင့် (၃၂) လမ်းထောင့်အနီးတို့တွင် ဗုံးပေါက်ကွဲမှုတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖြစ်ပေါ်ခဲ့ဲသည်ဟု ဆိုသည်။ 

ထို့အပြင် လမ်းနေရာအချို့တွင် စစ်တွင်းကာလကဲ့သို့ပင် မော်တော်ကားတာယာများမီးရှို့ထားသည်ကိုတွေ့ရပြီး  စစ်ကောင်စီတပ်များက သေနတ်ဖြင့်ပစ်ခတ်ခံသံများကိုလည်းကြားကြရသည်။ 

 (၈၅) လမ်းနှင့် (၃၅) လမ်းထောင့်တွင်တော့ အမျိုးသမီးငယ်တစ်ဦးကို တာယာမီးရှို့ဖို့လုပ်တယ်ဆိုပြီး စစ်ကောင်စီတပ်တွေကဖမ်းဆီးသွားသည်ကို မြင်တွေ့ကြရသည်။

စိန်ပန်းရပ်ကွက်နေရာအချို့တွင် တာယာမီးရှို့သည့်မြင်ကွင်းနှင့် သေနတ်ဖြင့်ပစ်ခတ်မှုများရှိသလိုကျောက်ဝိုင်းအနီးမှာလည်း သေနတ်သံများထွက်ပေါ်နေခဲ့သည်ဟု  ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် လမ်း၆၀ပေါ်တွင် စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်မှုတွေလုပ်ခဲ့သေးသည်။ 

အောင်မြေသာစံမြို့နယ်တွင်တော့ လမ်းမကြီးတွေမှာ စစ်တပ်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေပြုလုပ်နေသည်။

အစောပိုင်းက (၅၂) လမ်းနှင့် (၁၁၀)- (၁၁၁) အကြားတွင် PDF တပ်ဖွဲ့အခြေစိုက်တစ်ခုကို စစ်ကောင်စီတပ်အနည်းဆုံး ၅၀ ခန့်က ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့သဖြင့် ကျဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly