မန္တလေးမြို့ခံများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ဝင်များ ကိုအကူညီပေးကြဖို့တောင်းဆို 

မန္တလေးမြို့ခံများ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ဝင်များ ကိုအကူညီပေးကြဖို့တောင်းဆို 

ဇွန် ၂၂

မန္တလေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် နှင့် အပြန်အလှန်ပစ်ခေတ်မှုဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်း အကူညီပေးကြဖို့ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ရဲ့ ချေမှုန်းရေးခေါင်းဆောင် ဗိုလ်ဇီးကွက်ကတောင်းဆိုလိုက်ပါတယ်။ 

" ကျွန်တော်တို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရခြင်းနှင့်အတူ စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွင်  မန္တလေးပြည်သူတွေရဲ့ အကူအညီကို များစွာလိုအပ်နေပါတယ်လို့ " ဗိုလ်ဇီးကွက်ကဆိုပါတယ်။ 

တဆက်ထဲမှာပဲ အခြား ပြည်သူ့ကာကွယ်ရေးတပ်ခွဲများ အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာကို ဝင်ရောက်ကူညီပစ်ခတ်ခြင်း နှင့်အတူ တပ်ကူပေးခြင်းတို့ကို လုပ်ဆောင်နေချိန်တွင် ဒေသခံများအနေဖြင့် ဓာတ်ပုံ ၊ ဗီဒီယို ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်သို့မတင်ပေးခြင်း ပူးပေါင်းပါဝင်ကြဖို့ကို တိုက်တွန်းထားပါတယ်။ 

ဇွန်လ ၂၂ ရက်မနက်အစောပိုင်းက ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးမှာ အကြမ်းဖက်စစ်တပ် နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။ 

တိုက်ပွဲဖြစ်ပွား နေရာတွင် အကြမ်းဖက်စစ်ကောင်စီမှာ ၁၀၀ ဝန်းကျင်ခန့်ဖြင့်  လမ်းမတလျှောက် ပိတ်ဆို့ထားလျက်ရှိကြောင်း ဒေသခံများထံမှာသိရပါတယ်။ 

"အဲမှာ ကားသေးက ၄စီး ၊ အိမ်စီးကားလည်းပါတယ်။စစ်သားတွေတင်တဲ့ကားအကြီးက ၇စီးလောက်ရှိတယ်။ဒီကလူတွေကတော့ အခြေအနေကြည့်နေတုန်းပဲ " ဟုဒေသခံတွေကဆိုပါတယ်။ 

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ် နှင့် တိုက်ပွဲဖြစ်ပွားရာတွင် ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly