မန္တလေးတွင် PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေ

မန္တလေးတွင် PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေ

ဇွန် ၂၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မန္တလေး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်အစောပိုင်းက ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးမှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး မန္တလေး PDF က မြို့ပြ ပြောက်ကြားစနစ် စတင်ပြီဖြစ်ကြောင်း ပြည်သူတွေကို ဒီကနေ့မှာ အသိပေးထားပါတယ်။

"ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ ၊မန္တလေး PDF ဒီနေ့စတင်တိုက်ပါပြီ" လို့ PDF မန္တလေးရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က အရပ်ဝတ်နှင့် ကျည်ကာတွေ ဝတ်ဆင်ကာ ပစ်ခတ်နေခြင်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက် ကျရှုံးမှုကိုတော့ မသိရသေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly