ပုသိမ်မြို့ ပုသိမ်ဟော်တယ်နှင့် ဆောက်လုပ်ရေးရုံးအနီး ဗုံးပေါက်

ပုသိမ်မြို့ ပုသိမ်ဟော်တယ်နှင့် ဆောက်လုပ်ရေးရုံးအနီး ဗုံးပေါက်

ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကင်မလင်းကျွန်းမီးပွိုင့်အနီး မဟာဗန္ဓုလလမ်းမကြီးပေါ်မှာရှိတဲ့ ဆောက်လုပ်ရေး (ယန္တရား) ရုံး နဲ့ ပုသိမ်ဟော်တယ်ရှေ့မှာ ဇွန်လ ၂၀ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လမ်းမကြီးဘေးမှာပေါက်ကွဲခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီး မိနစ်အနည်းငယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်အုပ်စုနဲ့ ရဲတွေက ပုသိမ်ဟော်တယ်ပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေပြုလုပ်ပြီး လူငယ်တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ကနေ ဒီကနေ့ည ဗုံးပေါက်ကွဲမှုအပါအဝင် ဗုံးပေါက်ကွဲမှု ၇ ကြိမ်အထိ ရှိလာတယ်လို့ လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly