မီတာခ ၄ လစာကို  စစ်ကောင်စီလက်ဝေခံတွေက EPC နဲ့ပေါင်းပြီး အတင်းအကျပ်တောင်း

မီတာခ ၄ လစာကို  စစ်ကောင်စီလက်ဝေခံတွေက EPC နဲ့ပေါင်းပြီး အတင်းအကျပ်တောင်း

ဇွန် ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း တောင်ကြာအင်းရွာမှာ မြို့နယ် EPC ရုံးနဲ့ စစ်ကောင်စီ လက်အောက်ခံ သုံးဦးတို့က မီတာခ လေးလစာကို အတင်းအကြပ်တောင်းခံနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

 "ရွာကမဘသ ဥက္ကဌ တစ်ယောက်ရယ်၊ အုပ်ချုပ်ရေးမှူးဟောင်တစ်ယောက်ရယ်၊ စစ်တပ်ထောက်ခံသူတစ်ယောက်ရယ်က EPC ရုံးနဲ့ပေါင်းပြီးတော့ မင်းတို့မီတာခမဆောင်ရင် မီးဖြတ်မယ် မီတာပုံးတွေဖြုတ်မယ်ဆိုပြီး အတင်းအကျပ်တောင်းနေကြတာ" လို့ဒေသခံက ဆိုပါတယ်။

လွန်ခဲ့တဲ့ဇွန်လ ၁၉ ရက်‌က ကော့ကရိတ်မြို့နဲ့ ၁၅ မိုင်အကွာက တောင်ကြာအင်းရွာကို အဲ့ဒီရွာက ရွာသားတွေဖြစ်တဲ့ ဦးသက်ဝင်း(ကျေးရွာမဘသ ဥက္ကဠ)၊ ဦးချစ်ကိုကို(အုပ်ချုပ်ရေးမှူးဟောင်း)နဲ့ ဦးဟန်ကြည်ဝင်း(နအဖ စစ်အစိုးရလက်ထက်မကအတွင်းရေးမှူးလုပ်ခဲ့သူ) သုံးဦးက လာရောက်ကောက်ခံခဲ့တာလို့ ဆိုပါတယ်။

 ကော့ကရိတ်မြို့နယ် EPC မြို့နယ်အင်ဂျင်နီယာ ကိုသန့်ဇင်ကို(AE)ကလည်း CDM လှုပ်ရှားမှုထဲ ပါဝင်ခြင်းမရှိဘဲ စစ်ကောင်စီနဲ့ ပူးပေါင်းကာ မီတာခကောက်စေခဲ့သူလို့ ဒေသခံကဆိုပါတယ်။

 အိမ်ခြေ ၃၇၉ လုံးရှိတဲ့ တောင်ကြာအင်းရွာမှာ မီတာခ လေးလစာ တစ်သိန်းခွဲနဲ့ နှစ်သိမ်းကြားပေးဆောင်ဖို့ရှိတဲ့ အိမ်ခြေဟာ ၂၀ ခန့်ရှိတယ်လို့သိရပြီး ကျန်အိမ်ခြေတွေမှာ အနည်းဆုံး သုံးသောင်းကနေ တစ်သိန်းအထိ ပေးဆောင်ကြရမှာလို့ ဒေသခံက ရှင်းပြပါတယ်။

 တောင်ကြာအင်းရွာဟာ ကရင်လူမျိုးအများစုနေထိုင်တဲ့ ကျေးရွာတစ်ရွာလို့သိရပြီး မီတာခပေးဆောင်ကြဖို့ အခက်အခဲဖြစ်နေကြောင်းနဲ့ အချို့က ငွေတိုးချည်းယူကာ ပေးဆောင်နေရတယ်လို့ ဒေသခံကဆိုပါတယ်။

ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ၂၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ ညွှန်ကြားထားတာရှိပါတယ်။

 တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့  လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်သူတွေ လျှပ်စစ်မီတာခ ပေးဆောင်ရန်မလိုဘဲ ကောက်ခံရင် ကောက်ခံသူကိုလည်း နိုင်ငံတော်ပုန်ကန်မှုမြောက်ပြီး Black List သွင်းခံရမည်ဖြစ်ကြောင်း ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly