ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကန့်ကွက်

ဇွန် ၂၀

အာဏာသိမ်းမှုကို ရှုံ့ချပြီး “မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့” “ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့” နဲ့ အကြမ်းဖက်မှုတွေကိုရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဒီကိစ္စနဲ့ပက်သက်လို့ စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက “ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိခိုက်စေသည့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှုမျိုးကို လက်ခံမည်မဟုတ် ” ဆိုပြီးထုတ်ပြန်ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

“ ကန့်ကွက် ပယ်ချ ကြောင်းစာကို စစ်ကောင်စီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိတို့ထံ ကန့်ကွက်စာများ ပေးပို့ခဲ့တယ်” လို့လဲသိရပါတယ်။

ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကို ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ ၁၁၉ နိုင်ငံရဲ့ ထောက်ခံမှုနဲ့အတည်ပြုခဲ့တာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံတစ်ခုထဲက ကန့်ကွက်မဲပေးခဲ့တာပါ။ 

မည်သို့ပင်ဆိုစေကာမူ ကုလရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာက မြန်မာနိုင်ငံပေါ်မြင်တဲ့ အမြင်သဘောထားလို့ပြောလို့ရပြီး နိုင်ငံရေးအရ အရေးပါမှုရှိနေတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly