နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၁၉ ရက် ၊ ရန်ကုန်မြို့ရှိ ဒေသခံပြည်သူများ၏ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• မြောက်ဥက္ကလာပမြို့နယ်တွင်းရှိ မြို့ပွိုင့်များတွင် လူငယ်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် သူမ ရုပ်ပုံပါဗီနိုင်းများ ချိတ်ဆွဲထားခဲ့သည်။ 

• သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ လူငယ်များကလည်း နံနက် ၈ နာရီခန့်က "သွေးကြွေးမှာဆွေးနွေးစရာမရှိ" ဟု ရေးသား ထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်ဥက္ကလာပမြို့နယ်နေ လူငယ်များကလည်း ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အ ဖြစ် ပန်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ 

• လှည်းကူးမြို့နယ်နေ လူထုကလည်း မြို့နယ်တွင်း ဘုရားစေတီများ၌ လူထုခေါင်းဆောင်မွေးနေ့အတွက် ဆုတောင်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

• ကျောက်တံတားမြို့နယ်နေ ပြည်သူများကလည်း လူထုခေါင်းဆောင် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်သာယာမြို့နယ်နေ လူငယ်များက လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပန်းသ ပိတ်ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တောင်ဒဂုံမြို့နယ်တွင်လည်း လူငယ်များက လူစည်ကားရာစျေးများတွင် ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မှော်ဘီမြို့နယ်နေ လူငယ်များကလည်း စံပယ်ပန်းများဖြင့် ၇၆ နှစ်ပြည့် မွေးနေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ဝမ်းမြောက်ပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ်ပြုလုပ်ခဲ့သည်။

• မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ရန်ကုန်မြို့ခံလူငယ်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ် အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ ယင်းစုပေါင်းသပိတ်စစ်ကြောင်းတွင် စမ်း ချောင်းပင်မသပိတ်စစ်ကြောင်း၊ စမ်းချောင်းအောင်ပွဲဆင်သပိတ်စစ်ကြောင်းနှင့် အခြားမြို့နယ်များမှ လူငယ်သပိတ်စစ် ကြောင်းများ ပါဝင်သည်။ 

• စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ပန်းပန်ထားသည့် အမျိုးသမီးငယ်နှစ်ဦးအား ဖုန်း များ စစ်ဆေးပြီးနောက် ဖမ်းဆီးသွားသည်။ စမ်းချောင်းမြို့နယ်နေ ပြည်သူများကလည်း လူထုခေါင်းဆောင် မွေးနေ့အထိမ်း အမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့ခံလူငယ်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထီးနှင့် ပန်းသပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• နိုင်ငံတွင် စစ်အာဏာသိမ်းခံရပြီးနောက် ဆိုးရွားသည့်အနာဂတ်ကို ဦးတည်နေကာ လူမှုရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ငန်းများလည်း ထိခိုက်နေကာ ယင်းဖြစ်ရပ်ဆိုးအားလုံးအတွက် စစ်တပ်တွင် အပြည့်အဝတာဝန်ရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး လူထုတိုက်ပွဲတွင် ပြည်သူနှင့်အတူ ကျရာတာဝန်ထမ်းရွက်မည်ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) က ထုတ်ပြန်လိုက်သည်။ 

• တွံတေးမြို့နယ်နေ ပြည်သူများကလည်း ယနေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ မြောက် မွေးနေ့အထိမ်းအမှတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဆိတ်ကြီးခနောင်မြို့နယ်နေ လူငယ်နှင့် မိဘပြည်သူများကလည်း အနီရောင်အင်္ကျီများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်နေ ကျောင်းသားလူငယ်များကလည်း ပန်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်။ 

• မင်္ဂလာဒုံမြို့နယ်နေ လူငယ်များကလည်း "အမေစု အမြန်လွတ်ပါစေ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ အိမ်တွင်းပန်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဒဂုံဆိပ်ကမ်းမြို့နယ်နေ ပြည်သူများကလည်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် လမ်းမကြီးများပေါ်ပြန်တက်လာကာ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် ဒေါင်းစစ်သည်၊ စိန်ပန်း၊ ဗကသ နှင့် တကသ သပိတ်စစ်ကြောင်းတို့မှ လူငယ်များ ပါဝင်သည်။ 

• အမရပူရမြို့နယ်နေ ပြည်သူများကလည်း "ငါတို့သည် ကောက်ရိုးမီး မဟုတ်ပါ" ဟု ရေးသားထားသည့် စာရွက်များနှင့် ပန်း များအား ဘုရားတွင် ဆပ်ကပ်ကာ လူထုခေါင်းဆောင် ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်၍ ပန်းများ ပန်ဆင်ခြင်း၊ ကိုင်ထားခြင်းများ ပြုလုပ်၍ လူထုခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မန်း ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းကလည်း "ဒေါ်အောင်ဆန်းစုကြည်ပုံတွင် ငါတို့အားလုံးရဲ့ နိုင်ငံတော်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်နစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းလေးပြင်ရပ် သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း "ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူထုခေါင်းဆောင် လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• မန်းအောင်ပင်လယ်နှင့် မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်း ကျေးရွာများအထိ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း အောင်မြေသာစံကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက် ချီတက်ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်ဘဲ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်ခြင်းနှင့် ပန်းသပိတ်ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ 

• မန်း နန်းရှေ့စျေးတွင် ပန်းသပိတ်ပြုလုပ်ရန်အတွက် နှင်းဆီပန်းအနီရောင်များ ဝယ်ယူမှုများပြားကာ ပစ္စည်းပြတ်တောက် ခဲ့သည်အထိ ရှိခဲ့သည်ဟု နန်းရှေ့စျေးနေ မန်းမြို့ခံတစ်ဦးက ဆိုသည်။ 

• မန္တလေးမြို့ပေါ်တွင် စစ်အုပ်စုဘက်က အရပ်ဝတ်သတင်းပေးများအား လူစည်ကားရာ လမ်းဆုံများတွင် လေး၊ ငါးယောက် တစ်ဖွဲ့နှုန်းဖြင့် အသွင်ယူခိုင်းထားကာ Double Cab ကားနှစ်စီးဖြင့်လည်း ကင်းလှည့်မှုများ ဆက်လုပ်လျက်ရှိသည်ဟု သိရသည်။ စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်လည်း လူဝင်လူထွက်များ ဆက်လက်ရှိနေကာ ဆိုင်ကယ် ဖမ်းစီးမှုများကိုလည်း ဆက်တိုက်လုပ်လာနေသည်ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• မတ္တရာမြို့နယ် အရှေ့ပိုင်းနေ ပြည်သူများကလည်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မိုးကုတ်နေ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြင်းခြံမြို့ကညနရုံးနှင့် မြို့ပေါ်နေရာတစ်ခုတွင် ယမန်နေ့ညပိုင်း ၁၀ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ထိခိုက်မှု အခြေအနေကိုမူ မသိရပေ။ 

• မြင်းခြံမြို့တွင် ယမန်နေ့ညပိုင်း ၉ နာရီ ၁၅ မိနစ်ခန့်က တစ်မြို့လုံး မီးပျက်နေချိန်တွင် မြင်းခြံမြို့နယ် NLD ရုံးခန်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

• မြင်းခြံမြို့နေ ပြည်သူများကလည်း အသက် ၇၆ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအ တွက် နေအိမ်ရှိ ဘုရားများတွင် ပန်း၊ ရေချမ်းကပ်လှူ၍ ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ ထို့ပြင် မြို့ခံလူငယ်များ ကလည်း ဒေသထွက်ပန်းမျိုးစုံ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ မြင်းခြံ ပင်မသပိတ်စစ်ကြောင်းအဖွဲ့ဝင်များကလည်း လူထုခေါင်းဆောင်အတွက် ဆုတောင်းပွဲနှင့် ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်သာမြို့နေ ပြည်သူများကလည်း ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ညောင်ဦးမြို့နေ ပြည်သူများကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် ဘုန်းကြီးကျောင်းများတွင် ဆွမ်းကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

• ကျောက်ပန်းတောင်းမြို့နယ်တွင် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် ချိတ်ဆက်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်တပ်မတော် ပေါက်ပေါက်ရေးအတွက် ကျောက်ပန်းတောင် PDF ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ကျောက်ပန်းတောင်းမြိုနယ်၊ ဒေါင်းလည်ကျေးရွာနေပြည်သူများကလည်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မိတ္ထီလာမြို့နေ လူငယ်များကလည်း ကားဂိတ်များ၊ လမ်းဆိုင်းဘုတ်များနှင့် လမ်းမီးတိုင်များတွင် Free Our Leader ဟု ပါရှိသည့် စတေကာများ ကပ်ကာ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စတေကာကမ်ပိန်း ပြုလုပ်ခဲ့သည်။ မိတ္ထီလာမြို့နယ်၊ ရှေ့ဆည်ကုန်းစံပြကျေးရွာနေ ပြည်သူများကလည်း လူထုခေါင်းဆောင်မွေးနေ့ အ ထိမ်းအမှတ်အဖြစ် ပရိတ်ရွတ်ခြင်းများ ပြုလုပ်ကာ ပန်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ငါန်းဇွန်မြို့နယ်နေ ပြည်သူများကလည်း လူစည်ကားရာ စျေးများအတွင်း ပန်းသပိတ်ပြုလုပ်ကာ လူထုခေါင်းဆောင် လွတ် မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ 

• စဉ့်ကိုင်မြို့နေ၊ ပုလိပ်မြို့နေ ဒေသခံများကလည်း ပန်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။

• ရွှေဘိုခရိုင်၊ ခင်ဦးမြို့နေ ပြည်သူများကလည်း နှင်းဆီပန်းများ ပန်ဆင်ကာ အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပုဂံရှေးဟောင်းဇုန် ဘုရားများကြားတွင်လည်း ဒေသခံမျာက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။

• ပြင်ဦးလွင်မြို့ Cafe 99 လက်ဖက်ရည်ဆိုင်တွင် လူထုခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့် မွေးနေ့အဖြစ် ဆိုင်ဝန်ထမ်းများ ပန်းပန်ခြင်း၊ ပန်းဝေခြင်းများ ပြုလုပ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် စစ်အုပ်စုလက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ပိုင်ရှင်သုံးဦးအပါအဝင် ဆိုင်ဝန်ထမ်း ၁၂ ဦးကို ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထိန်းသိမ်းထား သည်ကိုမူ မသိရသေးပေ။ 

• ရမည်းသင်းမြို့နယ် ဒေသခံများကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာ ရှင်စနစ်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ရွှေတောင်မြို့နေ လူငယ်များကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• သဲကုန်းမြို့နေ လူထုကလည်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ကြကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

• ကြို့ပင်ကောက်မြို့နေ ပြည်သူများကလည်း "အာဏာရူးတိုင်းအတွက် လူထုရဲ့ စီရင်ချက်က ခြွင်းချက်မရှိ သေဒဏ်" ဟု ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။

• ပြည်မြို့ခံများကလည်း နေအိမ်များအတွင်း ပန်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• မိုးညိုမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• သုံးဆယ်မြို့နယ်နေ အမျိုးသမီးငယ်များကလည်း ပန်းများ ပန်ဆင်ကာ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပန်းသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး  

• ဖျာပုံမြို့တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွားခဲ့သည်။ မြို့လယ်ပန်းခြံအတွင်းရှိ ရွှေရတုအရာရှိဧည့်ရိပ်သာ နှင့် မြို့နယ်တရားရုံးအနီးတွင် နံနက် ၈ နာရီခန့်က တစ်ကြိမ်၊ (၇) ရပ်ကွက် နီလာလမ်းနှင့် ဇေယျဝတီလမ်းထောင့် မြို့နယ် အခွန်ဦးစီးရုံးတွင် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က တစ်ကြိမ်နှင့် အမှတ် (၄) ရပ်ကွက် (၂) လမ်းရှိ အထက်တန်းကျောင်းနှင့် တရုတ်ဘုံကျောင်းအနီးတွင် တစ်ကြိမ် ပေါက်ကွဲခဲ့သည်။ ပေါက်က်ကွဲမှုကြောင့် အခွန်ရုံးအဆာက်အဦအချို့ ထိခိုက်ခဲ့ကာ မြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင်များက သိမ်းဆည်းသွားသည်။ 

• ညောင်တုန်းမြို့နယ်၊ ဧရာဝတီတံတား (ညောင်တုန်း) ပေါ်တွင် လူငယ်များက လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက် ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ စိုက်ထူကာ ပန်းများကြဲ၍ ပန်းသပိတ်ပြုလုပ်ခဲ့သည်။ 

• ပုသိမ်မြို့နေ လူငယ်များကလည်း လူထုခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ်တွင် ပါဝင်ကြရန်အတွက် လမ်းသွားလမ်းလာ ပြည်သူများအား ပန်းများ ကမ်းခဲ့ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• မြောင်းမြမြို့နေ ပြည်သူများကလည်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။

• ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာတွင်လည်း ဒေသခံများက ရွာတွင်းဘုရားစေတီများ၌ လူထုခေါင်းဆောင် လွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ငပုတောမြို့နေ ပြည်သူများကလည်း ရောင်စုံပန်းပေါင်းစုံ ပန်ဆင်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် လူထုခေါင်းဆောင် လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် တပ်မြို့ဟု ခေါ်ဝေါ်သုံးနှုန်းခံရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး ကံကြီးစျေးတွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၈ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 

• မင်းကင်းမြို့နယ်အတွင်းတွင် စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ ပျူစောထီးအဖွဲ့များက မြို့နယ်တွင်းကျေးရွာ ၂၉ ခုတွင် ဝင် ရောက်စီးနင်းအကြမ်းဖက်ခြင်း၊ ပြည်သူပိုင် ငွေနှင့် စားနပ်ရိက္ခာများ လုယက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင်း တိမ်းရှောင်းနေရသည့် အပြစ်မဲ့ပြည်သူ ၁၁၀၀၀ ကျော်အထိ ရှိနေပြီဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က ထုတ်ပြန်ထားသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသခံများကလည်း ပင်မသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာနေ ပြည်သူများကလည်း လူထုခေါင်းဆောင် မွေးနေ့ပွဲ ကျင်းပကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေး ရွာနေပြည်သူများကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ ပန်းသပိတ် ပြုလုပ်၍ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မိုးကြိုးပြင်မြောက်ရွာနေ ပြည်သူများကလည်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူသေဆုံးမှုများ ရှိနေသည့် ကလေးမြို့တွင် ဒေသခံများက "ဗေဒါပျံ အံကိုခဲ ပန်းပန်းလျက်ပဲ" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ကနီမြို့နယ်၊ ကင်းစံပြကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ကားများ၊ ဆိုင်ကယ်များဖြင့် ကျေးရွာအတွင်း ဝင်ရောက်ကာ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ပြည်သူပိုင် နေအိမ်နှင့် စျေးဆိုင်များကို မွှေနှောက်ဖျက်ဆီးသွားခဲ့သည်ဟု သိရသည်။ ယင်းသို့ ရွာတွင်း မဝင်ရောက်မီ နံနက် ၈ နာရီခွဲခန့်ကလည်း ကင်းစံပြကျေး ရွာအုပ်စုအတွင်း စစ်အုပ်စုဘက်က စောင့်ကြည့်ရေး Drone များလွှတ်ကာ ကြိုတင်ကင်းထောက်မှုများ ပြုလုပ်ခဲ့သေးသည်။ 

• မုံရွာမြို့နေ လူငယ်များကလည်း အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ ပန်းများ ကိုင်ဆောင်၍ လူထုခေါင်းဆောင် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။ 

• မုံရွာ အမြင့်လမ်းဘေးရှိ ကျေးရွာများတွင် လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်ရေးအတွက် ခိုလွှတ်ခြင်းအပါအဝင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဒီပဲယင်းမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ ဒီပဲယင်း၊ မရကန်ကျေးရွာနေ ဒေသခံများကလည်း ရွာအား စစ်အုပ်စုလက်နက်ကိုင်များ ဝိုင်းရံထားသည့်ကြားကပင် ရွာတွင်း ဘုရား စေတီများ၌ ပန်းသပိတ်ပြုလုပ်ခဲ့သည်။ 

• စစ်ကိုင်းမြို့နေ ပြည်သူများကလည်း လူထုခေါင်းဆောင် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ အောင်မင်္ဂလာစျေးသူစျေးသားများကလည်း ပန်းသပိတ်ပြုလုပ်ခဲ့သည်။

• မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာနေ ပြည်သူများကလည်း လူထုခေါင်းဆောင်မွေးနေ့အဖြစ် ဆုတောင်းပွဲပြုလုပ်ခဲ့သည်။ 

• လူအင်အားရာနှင့်ချီ ပါဝင်သည့် တန့်ဆည်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖောင်းပြင်မြို့နယ်၊ မန်မော်ရွာတွင်လည်း ဒေသခံများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့် မွေးနေ့အခမ်းအနား ပြုလုပ်ခဲ့သည်။ 

• တမူးမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် လူထုခေါင်းဆောင် လွတ်မြောက်ပါစေကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရွှေဘိုမြို့နေ လူငယ်များကလည်း ရောင်စုံပန်းများ ပန်ဆင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကျွန်းလှမြို့နယ်၊ အင်လှကျေးရွာနှင့် လိပ်ဆင်းတောင်ကျေးရွာနေ ရွာခံများကလည်း ပန်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• တန့်ဆည်မြို့နယ်တွင်းရှိ လူအင်အား ထောင်နှင့်ချီ ပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင် စနစ် ကျဆုံးရေးကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကသာမြို့နယ်၊ အင်းရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် လူထုခေါင်းဆောင် လွတ်မြောက်ရေး အတွက် ပန်းသပိတ် ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နယ် ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးလှဆွေ (ဘူးလတ်) နှင့် ဖြိုးမေတ္တာကားဂိတ်မှာ အဆက်အစပ်ရှိနေသည့်အ တွက် သတိပေးသည့်အနေသည့် ယမန်နေ့ နံနက်ပိုင်းက ဖြိုးမေတ္တာယာဉ်လိုင်းမှ ကားတစ်စီဂအား သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ပြကာ အဆက်အစပ်ရှိမှုအား ရပ်တန့်ရန်နှင့် ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများကိုလည်း တောင်းပန်ကြောင်း ယော ဒေသကာကွယ်ရေးတပ်ဖွဲ့ - YDF က ထုတ်ပြန်ထားသည်။ 

• ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာနေ ကျောင်းသားလူငယ်နှင့် ပြည်သူများကလည်း လူအင်အား ရာနှင့်ချီစုဝေးကာ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ သာလင်းကျေးရွာတွင်လည်း ဒေသခံများ ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းရွာနေ ပြည်သူများကလည်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းများ ကိုယ်စီကိုင်ဆောင်ကာ ပန်းသပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကမ္မမြို့နေ ပြည်သူများကလည်း လူအင်အား အများအပြားဖြင့် မြို့တွင်းလှည့်လည်ကာ လူထုခေါင်းဆောင် လွတ်မြောက် ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မြိုင်မြို့နယ် မြောက်ပိုင်း ကျေးရွာလူထုကလည်း လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ပန်းသပိတ် ပြုလုပ်ခဲ့သည်။ မြိုင်မြို့နယ်၊ ပန်းတိုင်တောရွာနေ ပြည်သူများကလည်း "အဆုံးထိ တိုက် မယ့် Gen Z” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေစကြိုမြို့နယ်တွင်းရှိ စျေးများမှ စျေးသည်များကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် ပန်းသပိတ်တွင် ဝင်ရောက်ပူးပေါင်း ပါဝင်ခဲ့သည်။ ရေစကြိုမြို့ပေါ်နှင့် ရေလယ်ကျွန်းဒေသကျေးရွာများတွင်လည်း ဒေသခံများက လူထုခေါင်းဆောင်လွတ်မြောက်ရေးနှင့် စစ် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• အောင်လံမြို့နေ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရေနံချောင်းမြို့နယ်နေ ပြည်သူများကလည်း နှင်းဆီပန်းများ ပန်ဆင်ကာ အိမ်တွင်းပန်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စ နစ် အလိုရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြို့သစ်မြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ ပညာရေးဌာနက CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်းများထံမှ NLD အစိုးရ လက်ထက် ထုတ်ချေးထားသည့် အတိုးမဲ့ချေးငွေ နှစ်လစာ ပြန်လည်ပေးဆပ်ရန် ဖိအားပေးတောင်းဆိုလျက်ရှိသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ သင်းကျွန်းရွာနေ ပြည်သူများကလည်း အာရုဏ်ဦးပန်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ်၊ လေးသွန်းခံကျေးရွာနေ ပြည်သူများကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုခြင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မြို့ဟောင်း၊ ကုန်းဇရပ်၊ ပန်းဒလဲ၊ ကညုံကျွန်း၊ ညင်းမော်၊ စစ်ပြဲ၊ မဲမော်၊ သာယာကုန်း၊ ညောပြင်၊ ကဒက်ကြီး၊ သဘော့ဆိပ်၊ မင်းရပ်၊ မကျွန်းမော်ကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းများ ကိုယ်စီထွက်၍ ပန်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ်၊ ရေဖြူကျေးရွာသပိတ်စစ်ကြောင်းမှာ နံနက် ၁၁ နာရီခန့်က ကဒက်ငယ်ထိန်ကျေးရွာအရောက်တွင် အရပ်ဝတ်လက်နက်ကိုင် ခြောက်ဦး တင်ဆောင်ထားသည့် အဖြူရောင်အိမ်စီးကားဖြင့် သေနတ်ပစ်ဖောက် ဖြိုခွဲခံခဲ့ရကာ ဆိုင်ကယ်အချို့ ဖျက်ဆီးခံရကာ ဆိုင်ကယ်နှစ်စီး သိမ်းဆည်းခံရပြီး လူဖမ်းခံရမှု မရှိခဲ့ဟု သိရသည်။ 

• ထားဝယ် တပ်ပေါင်းစုနှင့် လူငယ်ရေးရာ သပိတ်စစ်ကြောင်းတို့ကလည်း ယနေ့နံနက်ပိုင်းက လူထုခေါင်းဆောင် မွေးနေ့အ ထိမ်းအမှတ်အဖြစ် ပန်းများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ 

• ထားဝယ်တောင်ပိုင်းသပိတ်စစ်ကြောင်းကလည်း ပန်းများ ကိုင်ဆောင်ခြင်း၊ ပန်းပန်ခြင်းများ ပြုလုပ်၍ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပန်းသပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။

• ရေဖြူ၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း "ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံနှင့် သဗျာသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ပင်လယ်ကမ်းခြေတစ်နေရာတွင် အကျယ်ချုပ် ဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင် မွေးနေ့နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် စုပေါင်းဆန္ဒပြခဲ့ကြသည်။ 

• သရက်ချောင်းမြို့နေ လူငယ်များကလည်း စစ်အာစာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာနေ ပြည်သူများကလည်း "သပိတ်စုံ သူပုန်ထ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ ပန်းချီရှောင်၊ ပန်းတော၊ ကင်းရှေ့၊ ဥတ္တူနှင့် စော်ဖျားကျေးရွာတွင်လည်း ဒေသခံများက သပိတ်စစ်ကြောင်းထွက်ကာ အဖမ်းဆီးခံ လူထုခေါင်းဆောင် ကျန်းမာစေရးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ချောင်းဆုံမြို့နေ လူငယ်များကလည်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်နှင့် အရေးတော်ပုံ အောင်မြင်ရေးအတွက် ပန်းသပိတ်ပြုလုပ်ခဲ့သည်။ 

• ကော့သောင်းမြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• နမ္မတီးမြို့ခံ လူငယ်များကလည်း လူထုခေါင်းဆောင် မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ်ပြုလုပ်ခဲ့သည်။

• မိုးကောင်းနေပြည်သူများကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေအထိမ်းအမှတ်အဖြစ် မြို့ပေါ်လမ်းမ ကြီးများပေါ်ရှိ လမ်းလယ်အကာအရံများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဘောလုံးများ ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ပြသခဲ့ကြသည်။ ထို့ပြင် ဥတ္တရာရုံသီလရှင်တိုက်တွင်လည်း အာရုံဆွမ်းကပ် လှူဒါန်းခြင်းများလည်းပြုလုပ်ခဲ့ သည်။ 

• မိုးညှင်းတက္ကသိုလ် ကျောင်းသား/သူများကလည်း လူထုခေါင်းဆောင်၏ ၇၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်နေ ပြည်သူများကလည်း ၇၆ နှစ်ပြည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ပြုလုပ်ခဲ့သည်။ တာခန်မြို့သစ်နေ ပြည်သူများကလည်း လူအင်အား ရာနှင့်ချီ စုဝေး၍ ပန်းများ ပန်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်းများ ပြုလုပ်၍ ပန်းသပိတ် ဆင်နွှဲခဲ့သည်။ 

• ဟိုပင်မြို့၊ ရွာသစ်ကြီးကျေးရွာနေ ပြည်သူများကလည်း အနီရောင်နှင်းဆီပန်းများ ပန်ဆင်ကာ လူထုခေါင်းဆောင် ကျန်းမာ စေရေးနှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းရေး ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဝိုင်းမော်မြို့ခံ လူငယ်များကလည်း နှင်းဆီပန်းများ ကိုင်ဆောင်၊ ပန်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ် 

• ဒီးမော့ဆိုမြို့နယ်၊ ဒေါစဲ-နန်းဟူ-ဒေါကလိုးခူ ကျေးရွာချင်းဆက်လမ်းဆုံ တံတားတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့သည်။ 

• ကယားပြည်နယ်အတွင်း စစ်အုပ်စုက ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၆၄ ဦးအထိ ရှိလာပြီဖြစ်ကာ ထပ်တိုးလာနိုင်သေးကြောင်းလည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ 

• ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ရှောင်ပြည်သူများအား ကုသမှုပေးနေသည့် အထိုင်ဆေးခန်းနေရာအား အင်အား ၂၀ ခန့်ရှိ စစ်အုပ်စု လက်နက်ကိုင် ဝင်ရောက်နေရာယူထားသည့်အတွက် ဆေးကုသမှုပေးမှု ခက်ခဲကာ အခြားနေရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။ 

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ တောင်ဒီးရွာခံများကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ပန်းသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ချင်းပြည်နယ်

• ဟားခါးမြို့နယ် ဇိအုန်နှစ်ခြင်းအသင်းတော်ခြံဝန်းအတွင်း ယမန်နေ့ညနေပိုင်း စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီး နင်းကာ လူငယ်ခုနစ်ဦးအား ဖမ်းဆီးသွားသည်။ 

• မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူများမှာ ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေပြီး နိုင်ငံအနှံ့က ပေးပို့သည့် အကူအညီ များကိုလည်း စစ်အုပ်စုလက်နက်ကိုင်များက မင်းတပ်မြို့သို့အသွားလမ်းပေါ် မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်တောဂိတ် တွင် တားဆီးစစ်ဆေးကာ သိမ်းယူမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ 

• မင်းတပ်မြို့ စစ်ရှောင်စခန်းနေ လူငယ်များကလည်း တောပန်းများ ကိုင်ဆောင်ကာ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး ပန်းသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• မော်လမြိုင်မြို့နေ လူငယ်များကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မုဒုံမြို့နယ် ဒေသခံများကလည်း အနီရောင်နှင်းဆီပန်းများ ပန်ဆင်ကာ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကျိုက်မရောမြို့နေ ပြည်သူများကလည်း နှင်းဆီပန်းများ ကိုင်ဆောင်၊ ပန်ဆင်ကာ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပန်းသပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။

• ဘုရားသုံးဆူမြို့တွင် ဇွန်လ ၈ ရက် ညပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသည့် မွန်ညီညွတ်ရေးပါတီမှ မိဝေသီဖြိုးဖြစ်စဉ်နှင့် ပတ်သက်၍ ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာတွင် နေထိုင်သည့် အောင်ဋ္ဌေးဆိုသူအား စကားပြောစက်နှင့်အတူ ဖမ်းဆီးမိထားသည်ဟု သိရကာ စစ်ဆေးနေဆဲဖြစ်ပြီး တစုံတရာ ထွက်ဆိုမှု မရှိသေးဟု မွန်ပြည် သစ်ပါတီ - NMSP က ပြောဆိုထားသည်။ 

ရှမ်းပြည်နယ်

• မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းပေါ် မူဆယ်မြို့နယ်၊ မော်တောင်းနှင့် တာလုံးကျေးရွာကြားတွင် ယနေ့ နံနက် ၇ နာရီခန့်က ဘိလပ်မြေတင်ဆောင်လာသည့် တွဲကားတစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

• တာချီလိတ်တွင် စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာန လုပ်ပိုင်ခွင့်ရထားသည့် UBL ကုမ္ပဏီက ဇူလိုင်လမှစ၍ အမှိုက်သိမ်းခ များအား တိုးမြှင့်ကောက်ခံရန် စီစဉ်နေသည့်အပြင် အခွန်ကိုလည်း ကုမ္ပဏီရုံးခန်းတွင်သာ လာရောက်ပေးဆောင်ရမည်ဟု ဖိအားပေးလျက်ရှိသည်။ 
• တာချီလိတ်မြို့နေ လူငယ်များကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့အတွက် ရည်စူးကာ ဆွမ်းကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ 

• ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နေ လူငယ်များကလည်း ဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်သည့် ယနေ့တွင် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး၌ အာရုဏ်ဆွမ်း ဆပ်ကပ်ကာ ဆုတောင်းမေတ္တာပို့ သ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြုခဲ့ကြသည်။ 

• ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် (၉) ရပ်ကွက်တွင် ဒေသခံများက လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းစည်းနှင့် ရုပ်ပုံကားချပ်များ ချိတ်ဆွဲခြင်း၊ စာများ ရေးသားခြင်းတို့ ပြုလုပ်ခဲ့ရာ နာရီပိုင်းအတွင်းတွင်ပင် စစ်အုပ်စု လက်နက်ကိုင်များ ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးသွားခဲ့သည်။ 

• တောင်ကြီးမြို့တွင် လူငယ်များကလည်း မြို့ပေါ်ရှိ ဓာတ်တိုင်နှင့် အဆောက်အအုံ အုတ်နံရံများတွင် "Free Our Leader” ဟု ရေးသားထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ စတောကာများအား ကပ်ထားခဲ့သည်။ 

• မူဆယ်မြို့နေ လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် တော်လှန်သောစကားရပ်များအား စာရွက်များပေါ်၌ ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပင်းတယမြို့နယ်တွင်လည်း ဒေသခံများက ရောင်စုံပန်းများတွင် "အမေ အမြန်လွတ်ပါစေ"၊ "အမေစု ကျန်းမာပါစေ" ဟု ရေးသားထားသည့် စာရွက်များကပ်ကာ ပန်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ ကြသည်။ 

• သိန္နီမြို့နေ လူငယ်များကလည်း ရောင်စုံပန်းများ ပန်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရပ်စောက်မြို့နေ လူငယ်များကလည်း ဖမ်းဆီးခံ လူထုခေါင်းဆောင် လွတ်မြောက်ရေးအတွက် ငါးလွှတ်ဆုတောင်းခြင်း ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• နမ္မတူမြို့နယ်နေ အမျိုးသမီးငယ်များကလည်း ပန်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ပြသခဲ့သည်။ 

• လားရှိုးမြို့ခံများကလည်း ဒေသထွက်ပန်းများ ပန်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်းများ ပြုလုပ်ကာ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကျိုင်းတုံမြို့နေ ပြည်သူများကလည်း လူထုခေါင်းဆောင် ကျန်းမာစေရန်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သသည်။ 

ရခိုင်ပြည်နယ်

• တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာအုပ်စု၊ ကြက်ကိုင်ကျေးရွာနေ အသက် ၄၁ နှစ်အရွယ် ဦးအေးသန်းမောင်အား ယမန်နေ့ မွန်းလွဲပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်။ 

နေပြည်တော် 

• ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကာ တစ်ကမ္ဘာလုံးက ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးနှင့် ဒိမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် မဲပေး ဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၁၉ နိုင်ငံက ထောက်ခံမဲပေးကာ ၃၆ နိုင်ငံက ကြားနေမဲ ပေးခဲ့သည်။ အာဆီယံတွင် ပါဝင်သည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်က ထောက်ခံခဲ့ကာ ထိုင်း၊ လာအိုနှင့် အခြားနိုင်ငံများက ကြားနေမဲ ပေးခဲ့သည်။ 

• နေပြည်တော်နေ လူငယ်များကလည်း ဖမ်းဆီးခံ လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း အိမ်တွင်းပန်းသပိတ် ပြုလုပ်ခဲ့သည်။ 

• နေပြည်တော် လယ်ဝေးမြို့နယ်နေ ပြည်သူများကလည်း လူထုခေါင်းဆောင်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်းများဖြင့် "HBD SUU” ဟု ပုံဖော်ရေးသားကာ အိမ်တွင်းပန်းသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။ 

ဇွန် ၁၉ သုံးသပ်ချက် 

• နိုင်ငံအနှံ့အပြားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေး ပန်းသပိတ်များပြုလုပ်ခဲ့ကြသည်။ 

• ရန်ကုန်တွင် လမ်းပေါ်တက် ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ဆက်လက်ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စုဘက်က ပေါက်ကွဲမှုနှင့် တန်ပြန်တိုက်ခိုက်ခံရမှုများ ရှိသည့် မြို့နယ်များတွင် လုံခြုံရေးတင်းကြပ်ထားဆဲ ဖြစ်ကာ သတင်းပေးဒလန်များ အကူအညီဖြင့် လိုက်လံဖမ်းဆီးမှုများ ဆက် လုပ်နေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required