UN ရုံးအနီးကား ၁ စီးပေါက်ကွဲမှုဖြစ်ပွား ၊ အမျိုးသား ၁  ဦးဒဏ်ရာရရှိ

UN ရုံးအနီးကား ၁ စီးပေါက်ကွဲမှုဖြစ်ပွား ၊ အမျိုးသား ၁  ဦးဒဏ်ရာရရှိ

ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် နတ်မောက်လမ်း အ.ထ.က (၁) တာမွေကျောင်းနှင့် UN ရုံးအနီးနားမှ အိမ်စီးကားတစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း ကနဦးသတင်းတွေအရသိရပါတယ်။ 

“အသံကတော့အကျယ်ကြီးပဲ၊ တိုက်ကလှမ်းကြည့်တာမြင်ရတော့ ကားပေါ်က ပေါက်တာနေမယ် ။ ခဏနေတော့ အမျိုးသားတဦးကို သယ်သွားကြတယ် “ဟု ဒေသခံတဦးကဆိုပါတယ်။ 

ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်နေရာတစ်ခုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ခဏအကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လမ်းခေတ္တာပိတ်ကာ ရှာဖွေမှုတွေပြုလုပ်လျက်ရှိကြောင်း ဒေသခံတွေကဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly