မြန်မာအား လက်နက် ပိတ်ပင်တားဆီးရေး ကုလသမဂ္ဂ တောင်းဆို  

မြန်မာအား လက်နက် ပိတ်ပင်တားဆီးရေး ကုလသမဂ္ဂ တောင်းဆို  

ဇွန် ၁၉

ယခုနှစ်အတွင်း အကြမ်းဖက်ရက်စက်သည့် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာဆီ လက်နက်များ စီးဝင်ရောက်ရှိမှုများအား ရပ်တန့်စေရေး ရှားရှားပါးပါး တောင်းဆိုချက်ကို ကုလသမဂ္ဂက ထုတ်ပြန်သည်။  

ဖေဖော်ဝါရီလအတွင်း နိုင်ငံ၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းအဖွဲ့အား ရှုတ်ချသည့် ဆုံးဖြတ်ချက်ကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသည်။  

ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်နေခြင်းများ အဆုံးသတ်ရေးအတွက်လည်း ကုလသမဂ္ဂက တောင်းဆိုသည်။  

ယခု ဆုံးဖြတ်ချက်မှာ တရားဝင် တာဝန်ခံရမည် မဟုတ်သော်လည်း နိုင်ငံရေးအားဖြင့် အရေးပါအရာရောက်သည်။  

“အကြီးစား ပြည်တွင်းစစ် ဘေးအန္တရာယ်က ရှိနေပြီ၊ အချိန်က အရေးကြီးတယ်၊ စစ်အာဏာသိမ်းမှုကို နောက်ကြောင်းပြန်လှည့်စေဖို့ အခွင့်အလမ်းက ကျဉ်းမြောင်းလာနေပြီ”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာရန်နာဘာဂင်နာက ပြောသည်။  

ယခု ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံပြီး ဘီလာရုစ်တစ်နိုင်ငံတည်းသာ ဆန့်ကျင်ကန့်ကွက်သည်။  

မြန်မာစစ်တပ်၏ အကြီးစား လက်နက်ထောက်ပံ့သောနိုင်ငံ ရုရှနှင့် တရုတ်အပါအဝင် နိုင်ငံ ၃၆ နိုင်ငံက ကြားနေသည်။  

ပဋိပက္ခသည် မြန်မာအတွက် ပြည်တွင်းရေးသာ ဖြစ်သည်ဟု ကြားနေနိုင်ငံအချို့က ပြောပြီး ယခု ဆုံးဖြတ်ချက်ကသည် လွန်ခဲ့သော လေးနှစ်က လူတစ်သန်းနီးပါး နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရသည့် ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်တပ်၏ လူမဆန်သော ဖြိုခွင်းမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အခြား ကြားနေနိုင်ငံများက ပြောသည်။  

ယခု ဆုံးဖြတ်ချက်က စစ်အာဏာသိမ်းအုပ်စု တရားဝင်စေမှုကို ပယ်ဖျက်လိုက်ခြင်း ဖြစ်ပြီး ကိုယ့်ပြည်သူကို နိုင်ထက်စီးနင်းပြုမှုခြင်းနှင့် အကြမ်းဖက်ရက်စက်ခြင်းများကို ရှုတ်ချကာ ကမ္ဘာ့အလယ် ထီးတည်ဖြစ်စေခြင်းကို ဖော်ပြသည်ဟု အီးယူ ကုလသမဂ္ဂ သံအမတ်ကြီး အိုလော့ဖ်စကို့က ပြောသည်။  

သို့သော် ‘လျော့ရဲမှုရှိသည့် ယခု ဆုံးဖြတ်ချက်’အား အတည်ပြုနိုင်ရန်ပင် အထွေထွေညီလာခံက အချိန်ကြာ ယူခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း မြန်မာ ရွေးကောက်ခံအရပ်သားအစိုးရ ကိုယ်စားပြုသူ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly